Featured Video

khineroma.i@gmail.com

Wednesday, September 07, 2011

မလေးသျှား ရခိုင်ဒုက္ခသည် ရုံးပေါင်းစီးရေး ယာယီညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီး



မလေးသျှားနိုင်ငံရောက် ရခိုင်ဒုက္ခသည်ယုံးပေါင်းစီးရေး အတွက် ယာယီညီလာခံတစ်ရပ် ကို စတင်ဘာ ၄ ရက်နိ နခင်းဖက် ၁၂နာရီခွဲကနိန်ဗျာလ် ညစာသား ၆နာရီအထိ  WISMA BELIA . 40.Jalan Syed Putra ,50460 Kuala Lumpur, Malaysia ခန်းမမှာ ကျင်ပခကတ်ပါသည်။

အစီအ၀ီးမှတ်တမ်းအရ ပရိသတ် ၃၀၈ ယောက် တက်ရောက်ခရေလို့သိရပါရေ။ ယာယီညီလာခံ အခမ်းအနားကို ရခိုင်စည်တော်တီးပြီး မင်္ဂလာရတုသီဆိုဗျာလ် ဖွင်လှစ်ကာ ရခိုင်အလံတော်နန့် အဖပြည်အတွက် အသက်ပီးလားခရေ ရခိုင်သူရဲကောင်းတိကို အလေ့ပြုခကတ်တေလို့ သတင်း ရဟိန်ပါရေ။

အခန်းအနားမှာ အစီအစိုင် ၁၄ ခုနန့် စည်ကားသိုက်မြိုက်စွာ ကျင်းပခရာမှာ ယာယီညီလာခံကျင်းပရခြင်းနှင့် ပတ်သတ်ပြီးကေ  ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစောအောင်မှ ရခိုင်လူထုသို့  သျှင်းလင်းတင်ပြဗနာ အဖွင့်မိန်းခွန်း ကိုပြောခရေလို သိဟိန်ရပါရေ။


ယင်းနောက် ကိုမျိုးခိုင်မှ ယာယီရွီးကောက်ခံ ပုဂ္ဂိုလ်များ လုပ်ပိုင်ခွင့်နန့် လုပ်ဆောင်ရဖို့  နည်းလမ်းများ ရွီးကောက်ပုံ အဆင့်ဆင့်နင့် ပတ်သတ်ဗျာလ် အသဲစိတ်သျှင်းလင်း တင်ပြခပါရေ။

ဒေနိန့် ရွီးကောက်ခံဖို့ အဆိုတင်သွင်းထားရေ  လူငယ်ခြောက်ယောက်ကို ရွီးချယ်ရေးဘုတ်အဖွဲမှ ဒီမိုကရေစီ ပုံစံ စီစစ်ရွီးချယ်ပြီးကေ ပြည်သူများနန့် မိတ်ဆက်ကာ ထိုက်သင့်လျှောက်ပတ်တေ မိန်းခွန်းတိကို ဦးစီးကော်မတီမှ မိန်းမြန်းခပါရေ။

လက်ဟိန့်  ARRC မလေးသျှားမှာ တာဝန်ထမ်းဆောင်လိုရေ ရွယ်ရည်ချက်နန့် တစ်ဦးချင်းစီ၏ အမျိုးသား ရေးအမြင်၊ ခံယူချက်တိကို တက်ရောက်လာရေ ပြည်သူ့ ရှိမှာ တင်ပြခပါသည်။

ARRC ဒုက္ခသည် ယုံးအတွက် လိုအပ်တေ နိန်ရာ ၉ခုအတွက် ရာတားထားကေလေ့ သတ်မှတ်နိန်ရာ မပြည့်မှိခလို့ သိရပါရေ။

ယာယီ ညီလာခံမှာ ARRCအတွက် ရွီးချယ်လိုက်တေပုဂ္ဂိုလ်တိက အထွေထွေအတွင်းရေးမှူး ကိုစိုးသန်း (ထောက်ခံမဲ ၈၀%= UN ရေးရာ)၊ ကိုမြတ်စိုး(ထောက်ခံမဲ၇၁% စီမံရေးရာ)၊ ကိုဇော်နေလင်း(၇၂%) ကျန်သုံးယောက်မှာ အချိန်ပိုင်းတာဝန်ကို လက်ခံလိုက်ကတ်တေလို့လည်း သိဟိန်ရပါရေ။

လတ်လပ်နိန်ရာတိကို ဦးစီးကော်မတီနန် ALD . ALP မလေးသျှား ဌာနခွဲတိက ယာယီကာလကို တာဝန်ယူလားဖို့ ဖြစ်တေလို့ သိရပါရေ။

ညီလာခံတက်ရောက် လာရေ မောင်စံလင်းက ပြောခစွာမှာ "မလေးသျှားရောက်ရခိုင်ပြည်သားတိ အတွက် ညီညွတ်မှူတစ်ခုကို ရောင်ခြည်သန်းလာနီရေလို ပြောလိုရပါရေ၊ လူတိကတော့ ပျော်နိန်စွာကို မြင်ရလို့ အားရပါရေ၊ လူတော်လူကောင်းချေတိ နောက်မှာ မနိန်သင့်ပါ၊ ရခိုင်ပြည်ပြန်ရအောင် ဒေထက်မက ကြိုးစားသင့်ပါဗျာလ်"လို ပြောခပါရေ။

ညစာသား ၃နာရီကျော် လောက်မှာ ကြားဖြတ်အစီစိုင်အရ ရခိုင်ဒုက္ခသည်ရီးရာပညာရီးစင်တာ (light house)မှ ကျောင်းသူ၊ ကျောင်းသားချေတိက မုနီမဟာဘဂ၀ါ “ ယိမ်းအကအပြင် ရခိုင်နိုင်ငံတော် တေးခြင်းကိုပါ ယာယီညီလာခံတက်ရောက်လာသူများနင့် ပြိုင်တူ သီဆိုခကတ်ပါရေ။

ယင်းအစီစိုင်ပြီးရေအခါ မလေးသျှားရခိုင်ဒုက္ခသည် ရုံးပေါင်းစီးရေးနန့် ပတ်သတ်ဗျာလ် ကြေငြာစာတမ်း တစောင် ထုတ်ပြန်ခရေလို့လဲ သတင်းရဟိန်ပါရေ။

မလေးသျှားဟိန့် ရခိုင်လူမျိုးများ ပိုမိုအားကောင်းသည့် စည်းလုံးညီညွတ်မှူအတွက် (Malaysia Arakan Organization.MAO)  ဖွဲ့ စီးရေး အဆိုကို ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစောအောင်မှ အဆိုတင်သွင်းခရေလို့လဲ သိရသည်။

တက်ရောက်လာကတ်တေ ရခိုင်ပြည်သူတိက မလေးသျှားဟိန့် အဖွဲ့အစည်း သမိုင်းကြောင်းနန့်  လက်ဟိန် အခြေအနေတိကို တင်ပြကာ ဦးစီကော်မတီ တာဝန်ဟိန်သူတိက ပြည်သူတိ ကိုသျှင်းလင်းဖြေကြားခရေလို သတင်း ရဟိန့်ပါရေ။

နောက်ထပ် ညီလာခံ တစ်ခုကို တရုတ်နှစ်သစ်ကူးမှာ ရခိုင်ပြည်သူ တစ်ရပ်လုံး ပါဝင်ဗျာလ် ဒီမိုကရေစီ ကျကျ ကျင်ပလားဖို့ဆိုစွာကိုလည်း သိဟိန့်ရပါရေ။

0 မှတ်ချက်ပေးရန်:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More