Featured Video

khineroma.i@gmail.com

၁၉၇၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ လူအခွင့်အရေးလှုပ်ရှားသူတိ ဖမ်းဆီးထောင်ချခံခရရေအတွက် ယင်းနိကို လူ့အခွင့်အရေးသမားတိအတွက် အောက်မိဖွယ်နိအဖြစ် သတ်မှတ်ပနာ အခမ်းအနားတိ နှစ်စိုင်ကျင်းပကတ်ပါရေ။ ယင်းအခမ်းအနားမှာ လူ့အခွင့်အရေးရှေ့နေမကြီး နန္ဒီတာဟက်ဆာက အမှာစကားပြောကြားနိန်ပုံ.

This is default featured post 2 title

၁၉၇၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ လူအခွင့်အရေးလှုပ်ရှားသူတိ ဖမ်းဆီးထောင်ချခံခရရေအတွက် ယင်းနိကို လူ့အခွင့်အရေးသမားတိအတွက် အောက်မိဖွယ်နိအဖြစ် သတ်မှတ်ပနာ အခမ်းအနားတိ နှစ်စိုင်ကျင်းပကတ်ပါရေ။ ယင်းအခမ်းအနားမှာ ရခိုင်နန့် ကရင်ရဲဘော်တိ တက်ရောက်လာကတ်ပုံ.

ဘင်္ဂလားဒေ့ရှ်ခကြာစိုရီခရိုင် ဖလံထောင်ဒေသရှိ ရခိုင်သူ ရခိုင်သားတိရေ ဧပြီလထဲက ကုလားရခိုင်အဓိကရုဏ်းကြောင့် အိုးမဲ့၊ အိမ်မဲ့၊ နီစရာ စားစရာမရှိ အခြေအနေကို ရောက်ရှိနိန်ရေအတွက် ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)က နီးစပ်ရာ ရခိုင်လူထုနန့်တခြားလူမျိုးတိဘားက အလှူငွေကောက်ခံဗနာ ဖေးသာတိနန့် လှူဖွယ်ပစ္စည်းတိကို (၃)ရက်တိုင်တိုင် လားရောက်လှူဒါန်းစိုင်

Tuesday, November 30, 2010

ရခိုင်ဒေသသို့ ခရီးသွားဧည့်သည့်လာရောက်မှု နည်းပါး

၂၀၁၀ ခုနှစ်မှာ နိုင်ငံခြားသားဝင်ရောက်လည်ပတ်မှု နည်းပါရေ။  နှစ်တိုင်းပုံမှန်ဝင်ရေ အခြေနေ မှာ မရှိပါ။
ဒေနှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြားသားအာဂန္တု တိရောက်စွာ ၃သိန်း ၄သိန်းကျော် ၀င်ရောက်ကေလဲ ရခိုင်
ကိုကျရေခါ နှစ်ထောင်သုံးထောင်လောက်ယာရောက်တေ။  အရင် နှစ်တိထက် ကျဆင်းလားရေ

Wednesday, November 24, 2010

သရက်ထောင်တွင် ဆရာတော် ဦးပညာစာရ ကျန်းမာရေးချိုတဲ့နေ

မကွေးတိုင်းသရက်ထောင်တွင် အကျဉ်းကျခံနေရသည့် ရခိုင်သမိုင်းသုတေသီ ဆရာတော် အသျှင်ပညာစာရသည် ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု အားနည်းသဖြင့် ကျန်းမာရေး အခြေနေ ဆိုးဝါးနေကြောင်းသိရသည်။

ဆရာတော်ကို အောက်တိုဘာက ၁၅ ရက်နေ့ က စစ်တွေထောင်ကနေ သရက်ထောင်သို့ ပို့လိုက်ခြင်းဖြစ်ကြောင်းဆရာတော်၏ ရှေ့နေဖြစ်သူ ဒေါ်အေးနုစိန်ကအပြောအရ သိရသည်။

စစ်တွေမြို့မှ အမျိုးသားတဦးက “ယင်းပိုင်လူမသိသူမသိထောင်ကိုပို့လိုက်စွာရေ ဆရာတော်ကို ဖျောက်ပစ်ဖို့အတွက်ဖြစ်တေ” ဟုပြောသည်။
ဆရာတော်အားမာတုကာမနှင့်ဖောက်ပြားသည်ဟုစွဲချက်ဖြင့်ယခုနှစ်ဇူလိုင်လ ၂၇ရက်နေ့ တွင်စစ်တွေမြို့မှ ဒေသခံအာဏာပိုင်များက ဖမ်းဆီးခဲ့ရာလူဝတ်လဲလိုက်ပြီး နောက်တွင် စစ်တွေခရိုင် တရားရုံးက သာသနာတော်ညှိုးနွမ်းစေမှု ယုံ ကြည်အပ်နှံမှု ၊ နိုင်ငံခြားငွေလဲလှယ်မှု စသည့်စွဲချက်များဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့ က ထောင်ဒဏ် ၈ နှစ်နှင့် ၃ လ ချမှတ်ခဲ့သည်။

သက်တော်၅၇နှစ်ရှိဆရာတော်အသျှင်ပညာစာရသည်ရခိုင်ပြည်နယ်ကျောက်ဖြူခရိုင်ရမ်းဗြဲမြို့နယ်မှ ခွဆုံကျေးရွာဇာတိဖြစ်ပြီး စစ်တွေ မြို့ကန်တော်ကြီးရပ်ကွက် မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်းတွင် ရခိုင်ပြည်နယ်မ မိဘမဲ့ ကလေးငယ်များကို ပြုစုစောင့်ရှောက်နေသည့်ဆရာတော် တပါးဖြစ်သည့် အပြင်ရခိုင်သမိုင်း ဆိုင်ရာ စာပေများ ကို ရှာဖွေစုဆောင်းနေသည့်ဆရာတော်တပါးဖြစ်သည်။

Tuesday, November 23, 2010

အနောက်တိုင်းစစ်ဋ္ဌာနချုပ် ရခိုင်တိုင်းမှူးထံသို့ ရခိုင်ပြည်သူများ၏ အသနားမေတ္တာရပ်ခံချက်

ခိုင်ရိုးမ ပရိသတ်များသို့တောင်းပန်ချက်....
post များကို connection အခက်ခဲ့ကြောင်း သေသပ်ရှင်းလင်းမှုမရှိပဲ အရေးပေါ်တင်လိုက်ရပါသည်။ပိုမိုထင်ရှားမြင်သာအောင် ပြန်တင်ပီမယ်ဖြစ်ကြောင်းအသိပီးအပ်ပါသည်.....

ရထားလမ်းသစ်ရွေးချယ်မှု အဆင်မပြေ

“ဒေလမ်းကို မဖောက်ခင်က မြောက်ဦးမှာတာဝန်ကျခရေ ဦးစောလွင်နန့် မြန်မာ့မီးရထားဌာနက အရာဟိတိပါ။နောက်ရထားလမ်းကိုကန်ထရိုက်ယူဖို့ပုဂ္ဂလိက ကုမ္ပဏီတိနန့် ဒေလမ်းကို ရွီးချယ်ခကတ်စွာလေးဆိုကေ...... ညွန်ချုပ်အနီနန့် ဒေလမ်းကိုဖျက်ဖို့က မလွယ်ပါလေး။ ယပြီးကေ မြောက်ဦးရထားလမ်းက ၅ မိုင်ဘဲယှိစွာပါ အေချင့်ကို အကုန်အကျမခံနိုင်ဆိုကေ အေချင့်စွာ ရခိုင်သမိုင်းကို ဖျက်စီးချင်ရေသဘောပါ”

Saturday, November 20, 2010

ရေလုပ်သားမျာ အလုပ်လက်မဲ့ရှိနေဆဲ

 ဒေမှာက ရီလုပ်ငန်းကို လုပ်ရေလူတိကများပါရေ။ ပင်လယ်ပြင်ကိုငါးဖမ်းလားရေလူတိလဲ ရှိရေ ပိုင် ပုစွန်တာ။ လုပ်ငန်းတိလဲ ရှိပါရေ။ ဒေဂုငါးဖမ်းချိန်မှာ  ငါးဖမ်းဖို့အတွက် စက်ခေလှတိကား မရှိပါယာ။ ယင်းအတွက်နန့် အခု ပိုင်အလုပ်အကိုင်မရှိဖြစ်နီပါရေ ။

ဘင်္ဂလားနယ်စပ်တွင် ကျွဲ နွားခိုးမှု ဖြစ်ပေါ်နေ

ရွာတိမှာ ရှိရေ ကျွဲ နွားတိကို  အယင်က စားကျက်ထဲမှာခိုးရေး ခြံထဲမှာခိုးရေ၊   အခုယင်းပိုင် မဟုတ်ပါ။ မျက်နှာဖုံးစွပ်တိနန့် နစက ၀တ်စုံတိကို ၀တ်ပနာ ကျွဲ နွားတိကို လာခိုးပါရေ၊ ခုခံဖို့ လယ် သမားတိမှာဓားရာ ရှိပါရေ။  သူရို့မှာက သေနတ်တိပါရေ ၊ ကျနော်ရို့တခုလဲ မတတ်နိုင်ပါ“                    

Friday, November 19, 2010

ရခိုင်ပြည်နယ် မဲဆန္ဒနယ်တချို့တွင် ရခိုင်ပါတီက နိုင်ဖွယ် ရှိ

monday-08-11-2010

ရခိုင်ပြည်နယ် မဲဆန္ဒနယ်တချို့တွင် ရခိုင်ပါတီကနိုင်ဖွယ်ရှိကြောင်းသိရသည်။မဲအရေတွက်အားဖြင့် ရခိုင်ပါတီမှနိုင်မည့်အလားအလာရှိသည်။ပေါက်တောမြို့နယ်။ ရသေ့တောင်မြို့နယ် ၊ မြောက်ဦးမြို့နယ်။ပုဏ္ဌားကျွန်းမြို့နယ်။ ကျောက်တော်မြို့နယ်နှင့် စစ်တွေ မြို့နယ်တွင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ အနိုင်ရနိုင်ဟု RNDPမှ ယုံကြည်ထားကြောင်းလဲ သိရသည်။မင်ပြားမြို့နယ်တွင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ အနိုင်ရဖွယ်ရှိသော်လဲ ကြိုတင်မဲ ကိုကြံ့ဖွံ့ ရထားပြီဖြစ်သဖြင့် ရှုံနိမ့်ဖွယ်ရှိကြောင်း သိရသည်။

မဲလိမ်မှု မရှိက ရတပ ပါတီ နိုင်မည်။

စစ်တွေမြို့နယ်တွင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ  (၃၇၈၄၁)မဲ  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ (၁၈၀၀၀) မဲ နှင့် အမျိုးသားဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ (၉၀၀၀) မဲ ရရှိသွားကြောင်းသိရသည်။

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ပေါက်တောမြို့နယ်။ ကျောက်တော်မြို့နယ်။ မြောက်ဦး

မြို့နယ်။ ရသေ့တောင်မြို့နယ်။ ပုဏ္ဍားကျွန်းမြို့နယ်။စစ်တွေမြို့နယ်။ မင်းပြားမြို့နယ်တို့တွင် မဲ

အများဆုံးရရှိနေကြောင်း  သိရ သည်။

ကျောက်ဖြူမြို့နယ်တွင် ရတပ ပါတီမှ လွှတ်တော်(၃) လုံးအနိုင်ရ

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီကို လူထုထောက်ခံမှု များ ပြားခဲ့သဖြင့် ပြိုင်ဘက် ပါတီများဖြစ်သည့် ကြံ့ဖွံ့၊ တစည ပါတီတို့ကို မဲ အပြတ်သတ်ဖြင့်အနိုင် ရရှိခဲ့ကြောင်းသိရသည်။

ကျောက် ဖြူမြို့နယ်တွင် ရတပ ပါတီမှ အနိုင်ရသည့် ကိုယ်ားလှယ်များ

၁။ ဦးကျော်လွင် ( ပြည်နယ်လွှတ်တော်) မဲဆန္ဒနယ်(၁)ေ ထာက်ခံမဲ ၂သောင်းကျော်

၂။ ဦးအုန်းတင် ( အမျိုးသားလွှတ်တော်) ထောက်ခံမဲ ၂ သောင်းကျော်

၃။ ဦးတင်ဖေ ( ပြည်နယ်လွှတ်တော်) ( ၂) ထောက်ခဲမဲ ၁သောင်းကျော်

၎။ ဦးဘရှင်( ပြည်သူ့လွှတ်တော် ) ထောက်ခံမဲ ၂ သောင်းကျော်

ကျောက်ဖြူမြို့နယ် မဲရုံပေါင်း (၁၇၃) ရုံခန့်ရှိပြီး ကြံ့ဖွံ့ပါတီ။ တစညပါတီ ။ရတပ ပါတီတို့က ၀င်ရောက်

ယှဉ်ပြိုင်ခဲ့ကြသည်။

)

ရခိုင်ပြည်နယ်တွင် အနိုင်ရပါတီနှင့် လွှတ်တော်များ စာရင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များစာရင်း

စဉ်။ အမည်      လွှတ်တော်      မဲဆန္ဒနယ်                ပါတီ
၁။ ဦးမောင်ညို ပြည်သူ့လွှတ်တော် စစ်တွေ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ
၂။ ဦးထွန်းအောင်ကျော် ပြည်သူ့လွှတ်တော် ပုဏ္ဍားကျွန်း ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ
၃။ ဦးအောင်ထွန်းသာ ပြည်သူ့လွှတ်တော် မြောက်ဦး ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ
၎။ ဦးသားစိန် ပြည်သူ့လွှတ်တော် ကျောက်တော် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ
၅။ ဦးအောင်စိန်သာ ပြည်သူ့လွှတ်တော် မင်းပြား ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ
၆။ ဦးဖေသန်း ပြည်သူ့လွှတ်တော် မြေပုံ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ
၇။ ဦးအောင်ကျော်ဇံ ပြည်သူ့လွှတ်တော် ပေါက်တော ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ
၈။ ဒေါ်ခင်စောဝေ ပြည်သူ့လွှတ်တော် ရသေ့တောင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ
၉။ ဦးဇော်ကိရ်အာမတ်(ခ)ဦးအောင်ဇော်ဝင်း ပြည်သူ့လွှတ်တော် မောင်တော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၀။ ဦးရွှေမောင်(ခ) အဒူရော်ဇက် ပြည်သူ့လွှတ်တော် ဘူးသီးတောင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၁။ ဦးဘရှိန် ပြည်သူ့လွှတ်တော် ကျောက်ဖြူ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ
၁၂။ ဦးအောင်စိန် ပြည်သူ့လွှတ်တော် မာန်အောင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၃။ ဦးဘထီး ပြည်သူ့လွှတ်တော် ရမ်းဗြဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၄။ ဦးသိန်းစိန် ပြည်သူ့လွှတ်တော် အမ်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၅။ ဦးရဲထွန်း ပြည်သူ့လွှတ်တော် သံတွဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၆။ ဒေါက်တာစံလှိုင် ပြည်သူ့လွှတ်တော် တောင်ကုတ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
၁၇။ ဦးညီလေး(ခ) ဦးကြည်သာ ပြည်သူ့လွှတ်တော် ဂွ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

Monday, November 15, 2010

ရခိုင်ပြည်နယ်မှာ ၂၄ နာရီ မီးလင်းရေမယ်ဆိုရေ ကြွေးကြော်သံနန့် လက်ညိုထိုးနီရေ စိုင်းဒင်ရေတံခွန်ပါ။၂၀၁၀ရွေးကောက်ပွဲ မှာ ကြံ့ဖွံပါတီကို မဲထည့်ဖို့ အတွက် ယင်းစိုင်းဒင်ကိုလက်ညိုးထိုးပနာ ရခိုင်ပြည်သူတိပါးက မဲတပြားကိုမျှော်လင့်ခရေ။ ယေဒါလဲ ပြည်သူတိက လဲ နအဖ စစ်အစိုးရ ရွေးကောက်ပွဲမှာရခိုင်ပြည်သူဆန္ဒကိုဖော်ထုတ်လိုက်ကတ်ပါရေ။ ယင်းနောက်ပိုင်း အစိုးရက ရခိုင်ပြည်အတွက် လုပ်ပီးဖို့ပြောခရေ စီမံကိန်းတိဇာပိုင်ဖြစ်လာဖို့လဲဆိုစွာကို-----။
(ဓာတ်ပုံ-ကျော်ကျော်ဦး)

Sunday, November 14, 2010

အင်တာနက်မရှိသဖြင့် လုပ်ငန်းထိခိုက်

“ကျနော်တို့လဲ အင်တာနက်လိုင်းပြတ်တဲ့ကိစ္စကိုပြောဖို့ခတ်တယ်။ တချို့ကတော့ ထင်ကြေး အမျိုး မျိုးပေးနေကြတယ်။ ကျနော်တို့လဲ ဆာဗာကိုဖုန်းဆက်ကြည့်တယ်။ သူတို့လဲ အကြောင်းမပြန် သေးဘူး “  

ခိုင်ရိုးမ 

နိုင်ဝင်ဘာလ ၃ ရက် ဗုဒ္ဒဟူးနေ့ ၂၀၁၀ ခုနှစ်။ 

နယူးဒေလီ (ခိုင်ရိုးမ)။ ။ စစ်တွေမြို့တွင် အင်တာနက်ဖြင့် အသုံးပြုစီးပွားရေးလုပ်ကိုင်နေ ကြသည့်စီးပွားရေးလုပ်ငန်းရှင်များ သည် အင်တာနက်ပြတ်တောက်နေသဖြင့် အလုပ် မဖြစ် တော့ကြောင်းသိရ သည်။ 

“စစ်တွေမှာ အင်တာနက် ပြတ်တောက်တာ နှစ်ပါတ်ရှိပြီ။ နောက်တလ လောက်ပိတ်မယ်လို့ ကြားတယ်။ အင်တာနက် မရှိတော့ အင်တာနက်ဖုန်းခေါ်လုပ်ငန်းတွေ နောက် အင်တာနက်နဲ့ချိပ် ဆက်ပြီးငွေလွှဲလုပ်ငန်းတွေ က ရပ်သွားပြီလေ။ အဓိ က အင်တာနက် ကို အသုံးပြုနေကြ တာ“ ဟု အင်တာနက် ဖြင့်အသုံးပြုနေသည့် စီးပွားရေးလုပ်ငန်း ရှင်တဦးက ပြောသည်။ 

စစ်တွေမြို့တွင် ဂီရိမုန်တိုင်းတိုက်ခတ်သည့်နောက်ပိုင်းအင်တာနက်ဆိုင်များ ပြတ်တောက် ခဲ့ သည်။ “ကျနော်တို့လဲ အင်တာနက်ပြတ်တဲ့ကိစ္စကိုပြောဖို့ခတ်တယ်။ တချို့ကတော့ ထင်ကြေး အမျိုး မျိုးပေးနေကြတယ်။ ကျနော်တို့လဲ ဆာဗာကိုဖုန်းဆက်ကြည့်တယ်။ သူတို့လဲ အကြောင်းမပြန် သေးဘူး “ ဟုအင်တာနက်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

အင်တာနက် ကိုသုံးစွဲနေကြ သည့်ကျောင်းသားလူငယ် များကမူ အင်တာနက် ပြတ်တောက် သဖြင့် သူငယ်ချင်းများနှင့် အဆက်အသွယ်လုပ်ရန် ခက်ခဲသွားကြောင်းသိရသည်။ အများစုကမူ ရွေးကောက်ပွဲ အတွင်းရခိုင်ပြည်နယ်မှ သတင်းကိုထိန်းချုပ်နိုင်းရန်အတွက် ယခုလိုပိတ်လိုက် ခြင်း ဖြစ်ကြောင်းပြောဆိုနေကြသည်။

ရခိုင်ပြည်နယ်တွင် အင်တာနက်သုံးစွဲမှာသိသိသာသာတိုးလာသလို အင်တာနက်ဆိုင်များလဲ တဆယ်ဝန်းကျင်ခန့် ရှိနေကြောင်းသိရသည်။နေ့စဉ် ဦးရေ၁၀၀၀န်းကျင်ခန့်သုံးစွဲ ကြောင်း သိရ သည်။ 

အင်တာနက် လိုင်းနှေးကွေးမှု သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပေါ်နေရာ စစ်ကိုင်းတိုင်းကလေးမြို့တွင်တွင်းလဲ အင်တာနက် လိုင်းနှေးကွေးနေကြောင်းသိရသည်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်  အမျိုးသားအင်အားစုပါတီ သည် မဲဆန္ဒနယ် ၆ နေရာ ခန့်ဝင်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်
ရှုံးနိမ့်ခဲ့သည်။ မြောက်ဦးမြိုနယ်၊ မင်းပြားမြို့နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်။ ကျောက်တော်မြို့နယ်၊သံတွဲမြို့နယ်။
တို့တွင် ၀င်ရောက်းအရွေးခံခဲ့သည်။သို့သော်ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီကို မနိုင်ခဲ့ပါ။

တို့တွင် ၀င်ရောက်းအရွေးခံခဲ့ သည်။သို့သော်ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီကို မနိုင်ခဲ့ပါ။

ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ ၌ ၄၄ နေရာခန့်ဝင်ပြိုင်ခဲ့ရာ ၃၄ နေရာ
ရခဲ့သည်။ အမျိုးသားလွတ်တော်တွင် ၇ နေရာ ပြည်သူ့လွှတ်တော်တွင် ၉ နေရာ နှင့် ပြည်နယ်လွှတ်တော်
တွင် ၁၈ နေရာ.။လူမျိုးစုလွှတ်တော်တွင် ၁ နေရာရ ရှိခဲ့ သည် ။ရခိုင်ပြည်နယ် ၁၃ မြို့နယ်တွင် ၀င်ရောက် 
အရွေးခံခဲ့ရာ  ပြိုင်ဘက်ပါတီဖြစ်သည့် ကြံ့ဖွံ့ ၊တစည ပါတီတို့ ၉ မြို့နယ်တွင် မဲ အပြတ်သတ်အနိုင်ရခဲ့သည်။
သို့သော် ပြည်နယ်အစိုးရဖွဲ့စည်းရေးတွင် အစိုးရဖွဲ့နိုင်လောက်သည့် လွှတ်တော် အရေအတွက် မရရှိခဲ့ပါ။ 
ပြည်နယ်လွှတ်တော်အစိုးရတွင်  အမတ်၄၆ ဦးသို့ မဟုတ် ၄၇ ဦးရှိမည်ဖြစ်ရာ စစ်တပ်က ၁၁ ဦးမှ ၁၂ ဦးထိရောက်လာမည်ဖြစ်သည်။  ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက ပြည်နယ်လွှတ်တော်အမတ် ၁၈ ဦးရရှိခဲ့ သော်လည်း   ပြည်နယ် အစိုးရဖွဲ့ နိုင်လောက်သည့် အင်အားမရှိပါ။ နောက်ကြံ့ဖွံ့ပါတီ အပါအ၀င် အနိုင်ရပါတီမှ လွှတ်တော် အမတ်များလည်းဝင်ရောက်လာမည်ဖြစ်သည်။

Friday, November 12, 2010

စစ်အစိုးရကြောထောက်နောက်ခံပေးထားသည့်ပါတီဖြစ်သည်။ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်ဘက်တွင်မဲ အများရရှိသည်။စစ်တွေ ခရိုင်တွင် ရခိုင်းတိုင်းရင်းသားတိုးတက်ရေးပါတီက အနိုင်ရခဲ့ သဖြင့် အရေးနိမ့်ခဲ့သည်။ ကြိုတင်မဲကြောင်း မောင်တော မြို့နယ်၊ တွင် အနိုင်ရခဲ့သည်။ စစ်တွေ မြို့နယ်တွင် ဒေါက်တာချမ်းသာ။ဒေါက်တာစန်းရွှေတို့ က ၀င်ရောက်အရွေးခံခဲ့ရာလူကိုသာခင်သော်လည်းပါတီကို မခင်ကြသဖြင့်စစ်တွေ တွင် မဲ အနည်းငယ်သာ ရရှိခဲ့သည်။

Wednesday, November 10, 2010

ရခိုင်ပြည်နယ်ရှိ ကြံ့ဖွံ့ ပါတီက၀န်ထမ်းတစ်ချို့ပါးက ကြိုတင်မဲ ကောက်ခံ

ရခိုင်ပြည်နယ်ရှိ ကြံ့ဖွံ့ ပါတီက၀န်ထမ်းတစ်ချို့ပါးက ကြိုတင်မဲ ကောက်ခံရန် ပြင်ဆင်နီရေလို့သိရပါရေ ကြိုတင်မဲစွာရေ ရေလုပ်သားတိ။ နယ်ရွိ့ပြောင်းရဖို့ရှိရေ ရုံးဝန်ထမ်းတိ နောက် မဲရုံမှုတိက အစ တပ်မတော် မိသားစု ဆေးရုံသို့ရောက်နီရေအတွင်းလူနာတိကို မဲဆန္ဒနယ်ပြင်ပကိုရောက်နီရေ လူတိဖြစ်တေလို့ ၂၀၁၀ မတ်လမှာ ထုတ်ပြန်ခရေ ပြည်ထောင်စု ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေစာအုပ်မှာ ပါရှိပါရေ။ ယင်းအတွက်နန့် ရခိုင်ပြည်မှာ ရှိရေ ၀န်ထမ်းရုံးသားတိ။

Tuesday, November 09, 2010

ရခိုင်ပြည်နယ်တွင် ရခိုင် တိုင်းရင်းသားတိုးတက်ရေးပါတီမှ ၉၀% ရာခိုင်နှုန်း အသာစီးရနေ

  စစ်တွေမြို့တွင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ မဲ၇၀၀ ကျော်ရရှိ ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ၅၀ လောက် သာာရရှိကြောင်းသိရသည်။ လက် ရှိ အနေအထားတွင်

Monday, November 08, 2010

အပေါက် ၀ ကျေးရွာတွင် မဲထည့်ခွင့်မရသူဦးရေး ၂၀၀ ခန့် မဲရုံရှေ့တွင် ဆန္ဒပြ

ကျောက်တော်မြို့နယ် အပေါက် ၀ ကျေးရွာတွင် မဲထည့်ခွင့်မရသူဦးရေး ၂၀၀ ခန့် မဲရုံရှေ့တွင် ဆန္ဒပြ ယနေ့ မြန်မာစံတော်ချိန် ညနေ ၃း နာရီကျော်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာတွင်မှတ်ပုံတင်ကိုင်ဆောင်သူ ၂၀၀ ခန့် က မဲရုံရှေ့တွင် ဆန္ဒပြမှု ဖြစ် ပွားခဲ့ကြောင်း သိရသည်။ ရဲနှင့်ဌာ နဆိုင်ရာများက အုပ်စုခွဲလိုက်သည့်နောက်ပိုင်း ပြဿ နာကြေအေးသွားကြောင်း သိရသည်။ ထို့ အပြင် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်တွင် မဲဆန္ဒရှင် တချို့က မဲကို နှစ်ခါ ထည့် ခဲ့သည်။ ယင်းနောက်ပိုင်းမဲရုံမှုက သိရှိသွားရာ မဲဆန္ဒရှင် ၂၀လောက် ယာယီထိမ်းသိမ်းလိုက် ရကြောင်းသိရသည်။

Friday, November 05, 2010

နိုင်ငံသားကဒ်မရှိလဲ မဲပေးပါ

နက်ဖြန် ရွီးကောက်ပွဲကာလ အတွင်းမဲထည့်ရာမှာ နိုင်ငံသားကဒ် မရှိရေ သူတိ လဲ မဲထည့်နိုင်ရေလို့သိ ရပါရေ။ စစ်တွေ မြို့ ကန်တော်ကြီးရပ်ကွက်မှာ နိုင်ငံသားကဒ်ပြား မရှိသူတိကို ရပ် ကွက်ရွီးကောက်ပွဲကော်မရှင်က အိမ်ထောင်စုကဒ်ပြားနန့်မဲထည့်နိုင်ရေလို့ သိရပါရေ။ စစ်တွေမြို့ဆင်းရဲ သားရပ်ကွက်တိမှာ မှတ်ပုံ မရှိသူတိအတွက် ရွေးကောက် ပွဲကော်မရှင် က အိမ်ထောင်စုကဒ်ပြားနန့် မဲထည့်နိုင်အောင် စီစဉ်နီခြင်းဖြစ် တေလို့သိရ ပါရေ။ ` နက်ဖြန်လားထည့် ရပါဖို့် ကျနော်မှာတော့ မှတ်ပုံတင်မရှိယကေလဲ အိမ် ထောင်စု ကဒ်ပြားနန့် ရရေလို့ရပ်ကွက်ဥက္ကဌလာပြောပါရေ။ လို့ ကန်တော် ကြီးရပ်ကွက်က ဒေသခံတဦးက ပြောပါရေ။ စစ်တွေမြို့မှာ ၃၂ ရပ်ကွက်အနက် မင်းဂံ ၊ ကန်တော်ကြီး ၊ ဆင်ကူးလမ်း စသည့် ရပ်ကွက်များတွင် မှတ်ပုံကိုင်ဆောင်သူဦးရေ နည်းပါးရေ လို့သိရပါရေ။ မှတ်ပုံတင်လုပ်ဖို့ဆိုစွာမလွယ် ပါ။ ဖေသာကကောင်းကုန်ပါရေ သောင်းဂဏန်း ထိပီးသွင်းရပါရေ။ ယင်းအတွက်နန့်လဲ လူတိ မလုပ်ကတ်ပါ` ဆင်ကူးလမ်း ရပ် ကွက်က လူငယ်တဦးကပြောပါရေ` ယခုရွေးကောက်ပွဲတွင်မှတ်ပုံတင် မရှိသူ များကိုပါ မဲထည့်နိုင်အောင် စီစဉ်နေခြင်းဖြစ်သည်။ `ကျနော်ကြားမိသလောက်ဆိုကေ ရွီးကောက်ပွဲကို မလားလူတိလဲ ရှိဖို့ လို့ပြောရေ။ တချို့လဲ မှတ်ပုံတင် မရှိ လို့ မလားရေလူတိလဲ များပါဖို့ ။ ယင့်အတွက်နန့်လဲ ရွီးကောက်ပွဲကော်မရှင် မဲထည့်အောင်လုပ်နီစွာဖြစ်တေ` စစ်တွေက ဒေသခံတယောက်ကပြောပါရေ။

Tuesday, November 02, 2010

မူဆလင် ဘင်္ဂလီများကို ယာယီကဒ်ထုတ်ပေး

ရခိုင်ပြည်နယ်ရှိ မူဆလင် ဘင်္ဂလီများကို ကြံ့ဖွံ့ ပါတီဝင်များကလူဝင်မှုကြီးကြပ်ရေးဌာနနှင့်ပူးပေါင်းကာ ယာယီနိုင်ငံသားကဒ်ထုတ်ပေးနေကြောင်းသိရသည်။
“ ထုတ်ပေးတာကတော့ လ၀ကနေ ထုတ်ပေးတာပါ ယာယီ နိုင်ငံသားကဒ်ပေါ့၊ မဲထည့်နိုင်အောင်လို့ ပါ
ဒီနောက်ပိုင်း ဘင်္ဂလီတွေ ကအဲင်္ဒီကဒ်နဲ့ အရှေ့ဘက်ကိုတောင်သွားနေကြပြီ၊ အစစ်အဆေးလဲမရှိတော့
ဘူး“ ဟုဝန်ထမ်းတစ်ဦးကပြော သည်။

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More