Featured Video

khineroma.i@gmail.com

Wednesday, November 24, 2010

သရက်ထောင်တွင် ဆရာတော် ဦးပညာစာရ ကျန်းမာရေးချိုတဲ့နေ

မကွေးတိုင်းသရက်ထောင်တွင် အကျဉ်းကျခံနေရသည့် ရခိုင်သမိုင်းသုတေသီ ဆရာတော် အသျှင်ပညာစာရသည် ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု အားနည်းသဖြင့် ကျန်းမာရေး အခြေနေ ဆိုးဝါးနေကြောင်းသိရသည်။

ဆရာတော်ကို အောက်တိုဘာက ၁၅ ရက်နေ့ က စစ်တွေထောင်ကနေ သရက်ထောင်သို့ ပို့လိုက်ခြင်းဖြစ်ကြောင်းဆရာတော်၏ ရှေ့နေဖြစ်သူ ဒေါ်အေးနုစိန်ကအပြောအရ သိရသည်။

စစ်တွေမြို့မှ အမျိုးသားတဦးက “ယင်းပိုင်လူမသိသူမသိထောင်ကိုပို့လိုက်စွာရေ ဆရာတော်ကို ဖျောက်ပစ်ဖို့အတွက်ဖြစ်တေ” ဟုပြောသည်။
ဆရာတော်အားမာတုကာမနှင့်ဖောက်ပြားသည်ဟုစွဲချက်ဖြင့်ယခုနှစ်ဇူလိုင်လ ၂၇ရက်နေ့ တွင်စစ်တွေမြို့မှ ဒေသခံအာဏာပိုင်များက ဖမ်းဆီးခဲ့ရာလူဝတ်လဲလိုက်ပြီး နောက်တွင် စစ်တွေခရိုင် တရားရုံးက သာသနာတော်ညှိုးနွမ်းစေမှု ယုံ ကြည်အပ်နှံမှု ၊ နိုင်ငံခြားငွေလဲလှယ်မှု စသည့်စွဲချက်များဖြင့် စက်တင်ဘာလ ၃၀ ရက်နေ့ က ထောင်ဒဏ် ၈ နှစ်နှင့် ၃ လ ချမှတ်ခဲ့သည်။

သက်တော်၅၇နှစ်ရှိဆရာတော်အသျှင်ပညာစာရသည်ရခိုင်ပြည်နယ်ကျောက်ဖြူခရိုင်ရမ်းဗြဲမြို့နယ်မှ ခွဆုံကျေးရွာဇာတိဖြစ်ပြီး စစ်တွေ မြို့ကန်တော်ကြီးရပ်ကွက် မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်းတွင် ရခိုင်ပြည်နယ်မ မိဘမဲ့ ကလေးငယ်များကို ပြုစုစောင့်ရှောက်နေသည့်ဆရာတော် တပါးဖြစ်သည့် အပြင်ရခိုင်သမိုင်း ဆိုင်ရာ စာပေများ ကို ရှာဖွေစုဆောင်းနေသည့်ဆရာတော်တပါးဖြစ်သည်။

0 မှတ်ချက်ပေးရန်:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More