Featured Video

khineroma.i@gmail.com

Sunday, November 14, 2010



ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ ၌ ၄၄ နေရာခန့်ဝင်ပြိုင်ခဲ့ရာ ၃၄ နေရာ
ရခဲ့သည်။ အမျိုးသားလွတ်တော်တွင် ၇ နေရာ ပြည်သူ့လွှတ်တော်တွင် ၉ နေရာ နှင့် ပြည်နယ်လွှတ်တော်
တွင် ၁၈ နေရာ.။လူမျိုးစုလွှတ်တော်တွင် ၁ နေရာရ ရှိခဲ့ သည် ။ရခိုင်ပြည်နယ် ၁၃ မြို့နယ်တွင် ၀င်ရောက် 
အရွေးခံခဲ့ရာ  ပြိုင်ဘက်ပါတီဖြစ်သည့် ကြံ့ဖွံ့ ၊တစည ပါတီတို့ ၉ မြို့နယ်တွင် မဲ အပြတ်သတ်အနိုင်ရခဲ့သည်။
သို့သော် ပြည်နယ်အစိုးရဖွဲ့စည်းရေးတွင် အစိုးရဖွဲ့နိုင်လောက်သည့် လွှတ်တော် အရေအတွက် မရရှိခဲ့ပါ။ 
ပြည်နယ်လွှတ်တော်အစိုးရတွင်  အမတ်၄၆ ဦးသို့ မဟုတ် ၄၇ ဦးရှိမည်ဖြစ်ရာ စစ်တပ်က ၁၁ ဦးမှ ၁၂ ဦးထိရောက်လာမည်ဖြစ်သည်။  ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက ပြည်နယ်လွှတ်တော်အမတ် ၁၈ ဦးရရှိခဲ့ သော်လည်း   ပြည်နယ် အစိုးရဖွဲ့ နိုင်လောက်သည့် အင်အားမရှိပါ။ နောက်ကြံ့ဖွံ့ပါတီ အပါအ၀င် အနိုင်ရပါတီမှ လွှတ်တော် အမတ်များလည်းဝင်ရောက်လာမည်ဖြစ်သည်။



0 မှတ်ချက်ပေးရန်:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More