ရွာတိမှာ ရှိရေ ကျွဲ နွားတိကို အယင်က စားကျက်ထဲမှာခိုးရေး ခြံထဲမှာခိုးရေ၊ အခုယင်းပိုင် မဟုတ်ပါ။ မျက်နှာဖုံးစွပ်တိနန့် နစက ၀တ်စုံတိကို ၀တ်ပနာ ကျွဲ နွားတိကို လာခိုးပါရေ၊ ခုခံဖို့ လယ် သမားတိမှာဓားရာ ရှိပါရေ။ သူရို့မှာက သေနတ်တိပါရေ ၊ ကျနော်ရို့တခုလဲ မတတ်နိုင်ပါ“
ပြည်တွင်းသတင်းထောက်
ခိုင်ရိုးမ( မောင်တော) ။ ။ နစက မှ ထိန်းချုပ်ထာသည့် မောင်တော ဘင်္ဂလားနယ် တလျောက်တွင် ကျွဲနွား ခိုးယူမှုပြဿ ဖြစ်ပွားနေကြောင်းစုံစမ်းသိရှိရသည်။
” ရွာတိမှာ ရှိရေ ကျွဲ နွားတိကို အယင်က စားကျက်ထဲမှာခိုးရေး ခြံထဲမှာခိုးရေ၊ အခုယင်းပိုင် မဟုတ်ပါ။ မျက်နှာဖုံးစွပ်တိနန့် နစက ၀တ်စုံတိကို ၀တ်ပနာ ကျွဲ နွားတိကို လာခိုးပါရေ၊ ခုခံဖို့ လယ် သမားတိမှာဓားရာ ရှိပါရေ။ သူရို့မှာက သေနတ်တိပါရေ ၊ ကျနော်ရို့တခုလဲ မတတ်နိုင်ပါ“ ဟု မောင်တော်မြို့နယ် ဗန္စုလကျေးရွာသားတဦးက ခိုင်ရိုးမကိုပြောသည်။
ယခုလိုကျွဲ နွား အခိုးခံရသည့်ကျေးရွာများသည် နစက နယ်မြေ(၁) အတွင်းရှိရာ ကျွဲ နွားအခိုးခံရမှု ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်းမရှိသေးကြောင်း သူကဆက်ပြောသည်။
“ ကျွဲ ကျောင်းသားတိကို ကြိုးနန့်ချိုင်းပနာ ပစကို အ၀တ်နန့် ပိတ်ထားခရေ၊ နွားပျောက်တေအကြောင်းကို စခန်းကိုလားတိုင်ကေလဲ ငါရို့နန့် မသက်ဆိုလို့ပြောရေပိုင်။ ကျွဲ ပျောက်လားရေးအတွက်တကောင်ကိုနှစ်သောင်းနွားတကောင်ကို တသောင်းစီသွင်းရပါသိမ့်ရေ။ အခိုးလဲ ခံရ ငွေလဲ ပီးရပါရေ“ ဟုသူက ဆိုသည်။
အဆိုပါ နယ်မြေသည် တဖက် ဘင်္ဂလာနယ်စပ်သို့ တနာရီဆိုလျင်ရောက်သည်။ ဒေသခံများသည် လယ်ယာလုပ်ငန်းအတွက် မွေးမြူထားသည့် ကျွဲ နွားများမှာလဲ ဓါးမြ တိုက်ခံရမည်ကို စိုးရိမ်နေကြသည်။
လက်ရှိတွင် ဓါးမြတိုက်နေသည့် အဖွဲ့ကို မဖမ်းမိသေးသော်လည်း ဒေသခံ၏ အပြောအရ သူတို့ ၏ အ၀တ်အစားမှာ နစက အ၀တ်ကို ၀တ်ထားကြကြောင်းသိရသည်။ သို့သော်ခိုင်ရိုးမ အနေဖြင့် အတည်မပြုနိုင်သေးပါ။
အဆိုပါ ဒေသများတွင် ယခင်ကလဲ ဘင်္ဂလီမူဆလင် တချို့ ဓါးမြတိုက်မှု ဖြစ်ခဲ့သည်။ ထူးခြားသည် မှာ ယင်းနယ်မြေသည် နစက ထိန်းချုပ်နေမြေ(၁) ဖြစ်နေသည်။
0 မှတ်ချက်ပေးရန်:
Post a Comment