Featured Video

khineroma.i@gmail.com

၁၉၇၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ လူအခွင့်အရေးလှုပ်ရှားသူတိ ဖမ်းဆီးထောင်ချခံခရရေအတွက် ယင်းနိကို လူ့အခွင့်အရေးသမားတိအတွက် အောက်မိဖွယ်နိအဖြစ် သတ်မှတ်ပနာ အခမ်းအနားတိ နှစ်စိုင်ကျင်းပကတ်ပါရေ။ ယင်းအခမ်းအနားမှာ လူ့အခွင့်အရေးရှေ့နေမကြီး နန္ဒီတာဟက်ဆာက အမှာစကားပြောကြားနိန်ပုံ.

This is default featured post 2 title

၁၉၇၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ လူအခွင့်အရေးလှုပ်ရှားသူတိ ဖမ်းဆီးထောင်ချခံခရရေအတွက် ယင်းနိကို လူ့အခွင့်အရေးသမားတိအတွက် အောက်မိဖွယ်နိအဖြစ် သတ်မှတ်ပနာ အခမ်းအနားတိ နှစ်စိုင်ကျင်းပကတ်ပါရေ။ ယင်းအခမ်းအနားမှာ ရခိုင်နန့် ကရင်ရဲဘော်တိ တက်ရောက်လာကတ်ပုံ.

ဘင်္ဂလားဒေ့ရှ်ခကြာစိုရီခရိုင် ဖလံထောင်ဒေသရှိ ရခိုင်သူ ရခိုင်သားတိရေ ဧပြီလထဲက ကုလားရခိုင်အဓိကရုဏ်းကြောင့် အိုးမဲ့၊ အိမ်မဲ့၊ နီစရာ စားစရာမရှိ အခြေအနေကို ရောက်ရှိနိန်ရေအတွက် ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)က နီးစပ်ရာ ရခိုင်လူထုနန့်တခြားလူမျိုးတိဘားက အလှူငွေကောက်ခံဗနာ ဖေးသာတိနန့် လှူဖွယ်ပစ္စည်းတိကို (၃)ရက်တိုင်တိုင် လားရောက်လှူဒါန်းစိုင်

Friday, April 22, 2011

ကွာလာလမ်ပူ PUCHONG တွင် မလေးရှားရဲနှင့် အထူးတပ်ဖွဲ့မှ ဒုက္ခသည်တိကို ညဖက်ဝင်ရောက်ဖမ်းဆီး

(လေးဝတီ) ခိုင်မင်းထွန်း April 22, 2011
ရခိုင်ရိုးမ(နယူးဒေလီ)။           ။ ကွာလာလမ်ပူမြို့ ပူချူန်းဒေသနိန် မြန်မာဒုက္ခသည်များအား ဒေနိန့် ညစာဖက်ည  ၁၂ ချက်တီးကစဗျာလ် ဒေသခံရဲတိနှင့် ကွာလာလမ်ပူရှိ အထူးရဲတိပူးပေါင်းဗနာ စီမံချက်ဖြင့် ဝင်ရောက်ဖမ်းဆီးနိန်ကြောင်း သိဟိန့်ရပါရေ။
ဒေဂု ဖမ်းဆီး ထိန်းသိမ်းခံနိန်ရသူ အထဲမှာ မြန်မာနိုင်ငံသား ၁၅၀ကျော်လောက် ဟိန့် ပြီးကေ အများစုမှာ ပူချူန်း၊ TESCO – ပန်းခြံ အနီးတဝိုက်ရှိ ရခိုင်ဒုက္ခသည်တိ ဖြစ်ကြောင်း သိရှိရသည်။

Wednesday, April 20, 2011

ANC သဘာပတိ နောက်ထပ် တဦး ရန်သူပါးမှာ ဒူးထောက်

  ရခိုင်ရိုးမ။          (လေးဝတီ)ခိုင်မင်းထွန်း     ၂၁၊၄၊၂၀၁၁

         ထိုင်းနိုင်ငံအခြီစိုက် မလေးရှား ANC ( သဘာပတီ) ။ NCGUB အစိုးရအဖွဲဝင် ၀န်ကြီး ဦးအောင်ထွန်းစိန် မှာ ဒေကနိန့်  မဲဆောက်ကလာရေ သတင်းအရ မြ၀တီဖက်ကမ်းကနိန်ပနာ ရန်သူစစ်အစိုးရပါးမှာ ဒူးထောက်လားခဗျန်လို့ သတင်းကြားရပါရေ ။
          
     ၁၉၉၀-ခုနှစ်မှာ ပုဏ္ဍားကျွန်းမဲဆန္ဒနယ်မြီက လွှတ်တော်ကိုယ်စားလှယ်တက်ခရေ  ဦအောင်ထွန်းစိန်မှာ ၂၀၀၆- ခုနှစ် ထိုင်းနိုင်ငံဖက်ကို ထွက်လာပြီးကေပြည်ပတော်လှန်ရီးအဖွဲ့ တိနန့်  ပူးပေါင်းပနာ စစ်အစိုးရကို ဆန်ကျင်နိန်ခသူဖြစ်ပါရေ ။ဒုတိယအိမ်ထောင်အဖြစ်ရှမ်းအမျိုးသမီးတယောက်ကို
 အိမ်ထောင်ပြုပြီး မဲဆောက်မှာ နိန်ခသူဖြစ်ပါရေ ။
         ၂၀၁၀- ခုနှစ် စစ်အစိုးရက ရွီးကောက်ပွဲလုပ်ပြီးကတည်းက ရန်သူပါးမှာဝင်ဖို့လုပ်နိန်စွာမှာ DKBA ဗိုလ်နှုတ်ခမ်းမွီး စောလားဘွယ်တပ်က ရွီးကောက်ပွဲနိန့် မှာ  စစ်အစိုးရကို မြ၀တီမှာ တိုက်ခပါရေ။
ယင်းပိုင်တိုက်ခလို့ လဲ ရန်သူပါးမှာ ဒူးထောက်လားဖို့ လူတိ မ၀င်ဖြစ်ဘဲ ဟိန့် နိစွာက ပြည်ပအခြီစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့် ပေါင်းအစိုးရ ( NCGUB) ၀န်ကြီး တဦးက တော်လှန်ရီးကို သစ္စာဖေါက်ပနာ လားခရေပိုင် ရခိုင်လူမျိုးတိကိုလဲ သိက္ခာချလားစွာဖြစ်ကြောင်း ၀ီဖန်သံတိ ထွက်လာနိန်ပါရေ ။
            ဦးအောင်ထွန်းစိန်မှာ မလေးရှားနိုင်ငံမှာ ပြုလုပ်ခရေ ANC ညီလာခံသဘာပတိ ဖြစ်ပြီးကေ လွန်ခရေ ၃-လလောက်ကလည်း သဘာပတိဖြစ်သူ ဦးပဒီးဖြူကဒူးထောက်လားခပြီးကြောင်း သိရပါရေ။ အခုပိုင် ရခိုင်ခေါင်းဆောင်တီ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက် လားနီကတ်စော်တိကို မြင်နီရလို့ ရခိုင်လူငယ်တီကောင်းစိတ်ပျက်နိန်ကတ်တေလို သိရပါရေ ။

Tuesday, April 19, 2011

သတင်းအမှောင်ကြားမှရခိုင့်ဒုက္ခသည်များ

(လေးဝတီ) ခိုင်မင်းထွန်း။       ။ ခိုင်ရိုးမ(နယူးဒေလီ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှိဖက်မှာ နိန်ထိုင်ရေ ဒေသခံ ဗုဒ္ဓဘာသာဝင် သက်၊ မရမာ  ရခိုင်လူမျိုးများ ကျေးရွာများကို ဒေသခံကုလားတီက ဒေသခံ ဗုဒ္ဓဘာသာဝင်များ၏ လယ်မြီများကို မတရားဝင်ရောက် လုပ်ကိုင်ရာမှ မကျေနပ်ကြဘဲအငြင်းပွားရာကနီ ရွာကိုဝင်ဗျာယ် ဒါးနန့်ခွတ်သတ်နိန်ကတ်တေလို့သိရပါရေ။ ဘဂ်လားဒေ့ရှ် စစ်တပ်က ၇ွာအပြင်ကနန်ပြီး ၀ိုင်းထားလို့  အထဲမှာဟိနိန်ရေ  ရခိုင်လူမျိုးတိကို တစ်ယောက်ကိုလည်း ကယ်ထုတ်လို့  မရရေပိုင် ရွာထဲ ကလူတီကလဲထွက်လာလို့မရလို့ စုံစမ်းသိဟိရပါရေ။ ရခိုင်တိ နိန်ရေရွာတိကို မီးတိုက်နိန် ရေလို့ပြောပါရေ။ အခုရွာတိဆိုကေ ( Chittagon hill tract Khakrachary ( District ) , Manikchary and Goemara village ) ဖြစ်ပါရေ။ ဘင်္ဂလားဒေ့ရှ် နန့် အိန္ဒိယ နယ်စပ် ဖြစ်တယ်၊ ယင်း နယ်စပ်မြို့  တီမှာ ဒေဂု ပုဒ်မ-၁၄၄- ထုတ်ထားပြီဗျာလ် လို့လည်းသိရပါရေ။ (18-4-2011)နိနခင်ဖက် -၁၂- ချက်တီက စလို့  အခြင်းဖြစ်ပွါးရာမှ အခုဆိုကေ ဗုဒ္ဒဘာသာဘုန်းတော်ကြီးကျောင်း -၄-ကျောင်း မီးတိုက် ခံရလို့  ပြာကျလားခပါဗျာလ် ၊ဖလံထောင် ဖလမ်းမင်း ကိုးကွယ်ရေ မာနီးဆိုရီ ခေါ် မင်းတရားပေါက်စု ဘုန်းတော်ကြီးကျောင်းမှာ လည်း မီးတိုက်ခံ ကာ ပြာကျလားခပြီးကေ  ရခိုင်လူမျိုး သုံးယောက် ဓါးနဲ့  ခွတ်သတ်ခံရကြောင်း သိရပါရေ။ စရင်မပြုစု နိုင်ဘဲ ဒဏ်ရာ ရသူတီ လည်းအများကြီးလို သိရပါရေ။ ယင်းချင့်ကို ကမ္ဘာ့ရခိုင်ဖေါင်ဒေးရှင်းအဖွဲ့ က သတင်းအချက်အလက်တိကို စုဆောင်း ပနာ   ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိန်ထိုင်ရေ လူနည်းစုဖြစ်တေ ရခိုင်လူမျိုးတိကို ကာကွယ် ပီးဖို့ အ တွက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်ရေး အဖွဲ့ တိနန့်  ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ချု့ပ် အတွင်း ရေး မှူး မစ္စတာ ဘန်ကီမွန်း ထံ သို့  တိုင်ကြားစာ ပီးပို့ လားဖို့ လိုသိရှိရပါရေ။  အခုပိုင် ဘင်္ဂလီ ကုလား တီ လူမျိုးရေး ဘာသာရေး မုန်းတီး ဗျာလ် မကြာမကြာ ရခိုင်ဗုဒ္ဓသာဘာ ၀င်တီကို သတ်ဖြတ် နိုင်ထက်စီးနင်ပြုလာစွာ မရွီတွက်နိုင်အောင်များပြားခရေလို့ ယင်းဒေသံတိထုပ်ဖေါ်ပြောကြားချက် အရစုံစမ်းသိဟိရပါရေ။သီးခြား အတည်မပြုနိုင်သိမ့်ရေ သတင်း အချက်အလက်တိအရ ရက်ရက်စက်စက် သတ်ဖြတ်ခံရရေ ရခိုင်လူဦး (၃၀)ထက်မနည်းဟိလားယာ လို့လည်း သိဟိရပါရေ။ယင်းအပြင် ပျောက်ဆုံးနီရေ လူဦးရေ-၁၅၀ ကျော်နန့် တောတောင်တိမှပုန်ခိုနီ ရရေ လူဦးရေမှာလည်း-၄၈၀ ထက်မနည်းရှိနိရေလို့လည်းသိဟိရပါရေ။ဘင်္ဂလီအစိုး၏ သတင်း ထုပ်ပြန်ချက်အရ လူသီစာရင်းမှာ ဘင်္ဂလီ(၃)သီးနန့် ရခိုင်(၁)ဦးလို့ရာ ထုပ်ပြန်ပနာ သတင်းအမှောင် ချထားရေလို့သိဟိရပါရေ..။

Monday, April 18, 2011

ဘင်္ဂလာတောင်တန်းဒေသရှိ ဒေသခံဗုဒ္ဓဘာသာဝင်များနှင့် ဘင်္ဂလီများခိုက်ရန်ဖြစ်ပွား

မှတ်ချက်။   ။ဒေသတင်းကို ပို့ပီးရေသူ၏ E-mail ထဲကအတိုင်းဖော်ပြလိုက်ပါရေ....

ယနေ့ ရခိုင်သက္ကရာဇ် ၁၃၇၃ ခုနှစ်ဆန်းတရက် ဘင်္ဂလာ တနိုင်ငံလုံး ရခိုင်သူရခိုင်သားများ အလွန်ပျော်ရွှင်နေချိန် ယင်းကဲသို့ ဘင်္ဂလာတောင်တန်းဒေသ ရှိ ဗိုလ်မင်းထောင်(Bandraban) သက်ထောင်(Rangamati)ဖလံထောင်(Khakrasari) ထောင်သုံးထောင်ရှိ ရခိုင်သားများ (တောင်ပေါ်ဒေသနေ) အတွင်း ခါခ်ခရာဆိုရီမြို့ နယ် ဖလံမင်းနေထိုင်သော မာနိမ့် ဆိုရီ မင်တရားပေါက်စု (ရွာကိုပေါက်စုဟုခေါ်သည်)အနီး ဂွီးမားရွာ အုပ်စု  တွင် နေ့ လည် ၁၂ နာရီအချိန် 

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More