Featured Video

khineroma.i@gmail.com

၁၉၇၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ လူအခွင့်အရေးလှုပ်ရှားသူတိ ဖမ်းဆီးထောင်ချခံခရရေအတွက် ယင်းနိကို လူ့အခွင့်အရေးသမားတိအတွက် အောက်မိဖွယ်နိအဖြစ် သတ်မှတ်ပနာ အခမ်းအနားတိ နှစ်စိုင်ကျင်းပကတ်ပါရေ။ ယင်းအခမ်းအနားမှာ လူ့အခွင့်အရေးရှေ့နေမကြီး နန္ဒီတာဟက်ဆာက အမှာစကားပြောကြားနိန်ပုံ.

This is default featured post 2 title

၁၉၇၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ လူအခွင့်အရေးလှုပ်ရှားသူတိ ဖမ်းဆီးထောင်ချခံခရရေအတွက် ယင်းနိကို လူ့အခွင့်အရေးသမားတိအတွက် အောက်မိဖွယ်နိအဖြစ် သတ်မှတ်ပနာ အခမ်းအနားတိ နှစ်စိုင်ကျင်းပကတ်ပါရေ။ ယင်းအခမ်းအနားမှာ ရခိုင်နန့် ကရင်ရဲဘော်တိ တက်ရောက်လာကတ်ပုံ.

ဘင်္ဂလားဒေ့ရှ်ခကြာစိုရီခရိုင် ဖလံထောင်ဒေသရှိ ရခိုင်သူ ရခိုင်သားတိရေ ဧပြီလထဲက ကုလားရခိုင်အဓိကရုဏ်းကြောင့် အိုးမဲ့၊ အိမ်မဲ့၊ နီစရာ စားစရာမရှိ အခြေအနေကို ရောက်ရှိနိန်ရေအတွက် ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)က နီးစပ်ရာ ရခိုင်လူထုနန့်တခြားလူမျိုးတိဘားက အလှူငွေကောက်ခံဗနာ ဖေးသာတိနန့် လှူဖွယ်ပစ္စည်းတိကို (၃)ရက်တိုင်တိုင် လားရောက်လှူဒါန်းစိုင်

Wednesday, September 07, 2011

မလေးသျှား ရခိုင်ဒုက္ခသည် ရုံးပေါင်းစီးရေး ယာယီညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီး

မလေးသျှားနိုင်ငံရောက် ရခိုင်ဒုက္ခသည်ယုံးပေါင်းစီးရေး အတွက် ယာယီညီလာခံတစ်ရပ် ကို စတင်ဘာ ၄ ရက်နိ နခင်းဖက် ၁၂နာရီခွဲကနိန်ဗျာလ် ညစာသား ၆နာရီအထိ  WISMA BELIA . 40.Jalan Syed Putra ,50460 Kuala Lumpur, Malaysia ခန်းမမှာ ကျင်ပခကတ်ပါသည်။

အစီအ၀ီးမှတ်တမ်းအရ ပရိသတ် ၃၀၈ ယောက် တက်ရောက်ခရေလို့သိရပါရေ။ ယာယီညီလာခံ အခမ်းအနားကို ရခိုင်စည်တော်တီးပြီး မင်္ဂလာရတုသီဆိုဗျာလ် ဖွင်လှစ်ကာ ရခိုင်အလံတော်နန့် အဖပြည်အတွက် အသက်ပီးလားခရေ ရခိုင်သူရဲကောင်းတိကို အလေ့ပြုခကတ်တေလို့ သတင်း ရဟိန်ပါရေ။

အခန်းအနားမှာ အစီအစိုင် ၁၄ ခုနန့် စည်ကားသိုက်မြိုက်စွာ ကျင်းပခရာမှာ ယာယီညီလာခံကျင်းပရခြင်းနှင့် ပတ်သတ်ပြီးကေ  ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစောအောင်မှ ရခိုင်လူထုသို့  သျှင်းလင်းတင်ပြဗနာ အဖွင့်မိန်းခွန်း ကိုပြောခရေလို သိဟိန်ရပါရေ။

ယင်းနောက် ကိုမျိုးခိုင်မှ ယာယီရွီးကောက်ခံ ပုဂ္ဂိုလ်များ လုပ်ပိုင်ခွင့်နန့် လုပ်ဆောင်ရဖို့  နည်းလမ်းများ ရွီးကောက်ပုံ အဆင့်ဆင့်နင့် ပတ်သတ်ဗျာလ် အသဲစိတ်သျှင်းလင်း တင်ပြခပါရေ။

ဒေနိန့် ရွီးကောက်ခံဖို့ အဆိုတင်သွင်းထားရေ  လူငယ်ခြောက်ယောက်ကို ရွီးချယ်ရေးဘုတ်အဖွဲမှ ဒီမိုကရေစီ ပုံစံ စီစစ်ရွီးချယ်ပြီးကေ ပြည်သူများနန့် မိတ်ဆက်ကာ ထိုက်သင့်လျှောက်ပတ်တေ မိန်းခွန်းတိကို ဦးစီးကော်မတီမှ မိန်းမြန်းခပါရေ။

လက်ဟိန့်  ARRC မလေးသျှားမှာ တာဝန်ထမ်းဆောင်လိုရေ ရွယ်ရည်ချက်နန့် တစ်ဦးချင်းစီ၏ အမျိုးသား ရေးအမြင်၊ ခံယူချက်တိကို တက်ရောက်လာရေ ပြည်သူ့ ရှိမှာ တင်ပြခပါသည်။

ARRC ဒုက္ခသည် ယုံးအတွက် လိုအပ်တေ နိန်ရာ ၉ခုအတွက် ရာတားထားကေလေ့ သတ်မှတ်နိန်ရာ မပြည့်မှိခလို့ သိရပါရေ။

ယာယီ ညီလာခံမှာ ARRCအတွက် ရွီးချယ်လိုက်တေပုဂ္ဂိုလ်တိက အထွေထွေအတွင်းရေးမှူး ကိုစိုးသန်း (ထောက်ခံမဲ ၈၀%= UN ရေးရာ)၊ ကိုမြတ်စိုး(ထောက်ခံမဲ၇၁% စီမံရေးရာ)၊ ကိုဇော်နေလင်း(၇၂%) ကျန်သုံးယောက်မှာ အချိန်ပိုင်းတာဝန်ကို လက်ခံလိုက်ကတ်တေလို့လည်း သိဟိန်ရပါရေ။

လတ်လပ်နိန်ရာတိကို ဦးစီးကော်မတီနန် ALD . ALP မလေးသျှား ဌာနခွဲတိက ယာယီကာလကို တာဝန်ယူလားဖို့ ဖြစ်တေလို့ သိရပါရေ။

ညီလာခံတက်ရောက် လာရေ မောင်စံလင်းက ပြောခစွာမှာ "မလေးသျှားရောက်ရခိုင်ပြည်သားတိ အတွက် ညီညွတ်မှူတစ်ခုကို ရောင်ခြည်သန်းလာနီရေလို ပြောလိုရပါရေ၊ လူတိကတော့ ပျော်နိန်စွာကို မြင်ရလို့ အားရပါရေ၊ လူတော်လူကောင်းချေတိ နောက်မှာ မနိန်သင့်ပါ၊ ရခိုင်ပြည်ပြန်ရအောင် ဒေထက်မက ကြိုးစားသင့်ပါဗျာလ်"လို ပြောခပါရေ။

ညစာသား ၃နာရီကျော် လောက်မှာ ကြားဖြတ်အစီစိုင်အရ ရခိုင်ဒုက္ခသည်ရီးရာပညာရီးစင်တာ (light house)မှ ကျောင်းသူ၊ ကျောင်းသားချေတိက မုနီမဟာဘဂ၀ါ “ ယိမ်းအကအပြင် ရခိုင်နိုင်ငံတော် တေးခြင်းကိုပါ ယာယီညီလာခံတက်ရောက်လာသူများနင့် ပြိုင်တူ သီဆိုခကတ်ပါရေ။

ယင်းအစီစိုင်ပြီးရေအခါ မလေးသျှားရခိုင်ဒုက္ခသည် ရုံးပေါင်းစီးရေးနန့် ပတ်သတ်ဗျာလ် ကြေငြာစာတမ်း တစောင် ထုတ်ပြန်ခရေလို့လဲ သတင်းရဟိန်ပါရေ။

မလေးသျှားဟိန့် ရခိုင်လူမျိုးများ ပိုမိုအားကောင်းသည့် စည်းလုံးညီညွတ်မှူအတွက် (Malaysia Arakan Organization.MAO)  ဖွဲ့ စီးရေး အဆိုကို ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစောအောင်မှ အဆိုတင်သွင်းခရေလို့လဲ သိရသည်။

တက်ရောက်လာကတ်တေ ရခိုင်ပြည်သူတိက မလေးသျှားဟိန့် အဖွဲ့အစည်း သမိုင်းကြောင်းနန့်  လက်ဟိန် အခြေအနေတိကို တင်ပြကာ ဦးစီကော်မတီ တာဝန်ဟိန်သူတိက ပြည်သူတိ ကိုသျှင်းလင်းဖြေကြားခရေလို သတင်း ရဟိန့်ပါရေ။

နောက်ထပ် ညီလာခံ တစ်ခုကို တရုတ်နှစ်သစ်ကူးမှာ ရခိုင်ပြည်သူ တစ်ရပ်လုံး ပါဝင်ဗျာလ် ဒီမိုကရေစီ ကျကျ ကျင်ပလားဖို့ဆိုစွာကိုလည်း သိဟိန့်ရပါရေ။

Tuesday, September 06, 2011

ARAKAN နာမေကို တရားမ၀င်လွဲမှားစွာ သုံးစွဲနီခြင်းနန့်  ပတ်သတ်ပြီး ရခိုင်တမျိုးသားလုံး အားအရေးပေါ် အသိပီးတင်ပြခြင်း အခမ်းအနား

ARAKAN ဟူသောဝေါဟာရကို လူမျိုးဘာသာခြားတစုက တရားမ၀င် လွဲမှားစွာ သုံးစွဲနိန်ခြင်းနန့် ပတ်သတ်ပြီး ရခိုင်တမျိုးသားလုံးအား အရေးပေါ် အသိပေးတင်ပြခြင်း အခမ်းအနားကို အာဇာနည်ဗိမာန်လမ်း ရန်ကုန်မြို့ ရခိုင်ပြည်နယ်ဓမ္မာရုံမှာ ၂၀၁၁ခုနှစ်၊ စက်တင်ဘာ(၂)ရက်၊ နခင်ဖက်(၂)ချက်တီးမှ ညစာဖကင်(၅)ချက်တီအထိ ပြုလုပ်ခကတ်ကြောင်း သိရသည်။

ယင်းအခမ်းအနားကို ရခိုင်သဟာယအသင်းမှ တာဝန်ရှိသူတိ၊ နောက် ရန်ကုန်မြို့ရှိ ရခိုင်မြို့နယ်ပေါင်းစုံအသင်းအဖွဲ့တိက တာဝန်ရှိ ပုဂ္ဂိုလ်တိ၊ ၀င်းကိုခိုင်၊ ညီမင်းခိုင်၊ L ကိုလင်းစရေ နာမည်ကြီး လူငယ် အဆိုတော်တိအပြင် ရတပ ပါတီက အတွင်းရီးမှူးဦးသာထွန်းလှနန့် ဦးမြင့်နိုင်ရို့ကလဲ ပါတီကိုယ်စား  ပါဝင်တက်ရောက်ခကတ်ပြီးကေ အစည်းဝေးတက်ရောက်ခသူ ပရိသတ် ၁၀၀ ကျော်လောက်ရှိကြောင်း သိရသည်။

အခန်းနားမှာ ဆရာကြီးဦးထွန်းေ၇ွှခိုင်က အဖွင့်အမှာစကား ပြောကြာခပြီးကေ အစီစိုင်အရ ရခိုင်စာပီနန့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဌ ဆရာမကြီးဒေါ်စောခင်တင့်နှင့် စာပီနှင့်ယဉ်ကျေးမှုအတွင်းရေးမှုး ဦဦးလှမြင့် ရို့က ARAKAN  ဟူသောဝေါဟာရကို လူမျိုးဘာသာခြား တစုက တရားမ၀င် ခိုးပနား သုံးစွဲနေခြင်းနန့် ပတ်သတ်ပြီး ပြောကြားခကြောင်း သိရသည်။

ယင်းအပြင် အစည်းဝေး တက်ရောက်လာရေလူတိကလေ့ အပြန်အလှန် ဆွေးနွေးအကြံပြု တင်ပြခကတ်ကြောင်း သိရသည်။

စစ်တွေက ဦးသိန်းရွှေက ဒေပိုင် ရခိုင်ပြည် နာမည်ကို ယူသုံးစွာက စကားလုံးကို ယူစွာ မဟုတ်၊ ရခိုင်ပြည်နင့် ရခိုင်သမိုင်းကို သိမ်းပိုက်လားပနာ ယူလားနီစွာဖြစ်တေလို့  ပြောခရေပိုင် ဆရာကြီး ဒေါက်တာ ကျော်သိန်းက Rohingya is not ARAKAN. Rohingya is not RAKHINE. လို့ အခိုင်အမာ ပြောဆိုခကြောင်း သိရသည်။
အစည်းဝေးမှာ
(၁)ဗုဒ္ဓဘာသာ ရခိုင်လူမျိုးရို့၏  တိုင်ပြည်နန့် လူမျိုးကို ခေါ်ဆိုရေ ARAKAN ဟူသောဝေါဟာရကို ဘင်္ဂါလီမူဆင်လင်အချို့က တရားမ၀င် လုယူသုံးစွဲနိန်ခြင်းကို ရခိုင်တမျိုးသားလုံးက တခဲနက် ရှုတ်ချ ကန့်ကွက်ကြောင့်ဆုံးဖြတ်ချက်။
(၂)ယင်းသို့ တရားမ၀င်သုံးစွဲနိန်စွာကို ဖြစ်နိုင်သမျှ နည်းလမ်း ပေါင်းစုံနန့် ပြည်လည်တုန့်ပြန်လားဖို့ ဖြစ်ကြောင်း ဆုံးဖြတ်ချက်တိချခရေလို့ သိရသည်။
နာယကကြီး ဦးကျော်မင်းက နိဂုံးချုပ်အမှာစကားပြောကြားဗျာလ် ဗုဒ္ဓသာ သနံစီရံတိဌတု သုံးကြိမ်ရွတ်ဆိုဗျာလ် အခမ်းအနားကိုရုတ်သိမ်းလိုက်ခကြသည်။
နောက်ထပ်အစည်းကို ၁၈.၉.၂၀၁၁ နိန့် နခင်းဖက်(၁)ချက်တီတွင်ရန်ကုန်မြို့ ရခိုင်ပြည်နယ်ဓမ္မရုံတွင် ပြုလုပ် မည်ဖြစ် ကြောင့် သိရှိရသည်။

Thursday, September 01, 2011

သဲချောင်းမှာ ဗုံးပေါက်ကွဲ လူ ၇ ယောက်သီ

ရခိုင်ရိုးမ။
စစ်တွေ မြို့ နန့် ၇မိုင်အကွာရှိသဲချောင်း မှာညက ဗုံးတလုံးပေါက်ကွဲခရေအတွက် လူ၇ဦးသီဆုံးလားကြောင်း သတင်းရရှိပါရေ။
ဗုံးပေါက်ကွဲသည့် အချိန်မှာလူကြီး ၅ ဦးပွဲချင်း သီဆုံးပြီး ကလေးနှစ်ဦးရေ ဆီးရုံမှာသီဆုံးလားကြောင်း သိရသည်။

ပင်လယ်ကမ်းခြီအနီးမာ  ခဲတူးရင်း ဗုံးနန့်ထိမိကာ ပေါက်ကွဲလားစွာဖြိုက်တေလို့ သဲချောင်းရွာသားတစ်ဦးက ရခိုင်ရိုးမကို အခုပိုင်ပြောပါရေ။

“ ပင်လယ်ကမ်းနားမှာ ခဲတိ တူးကတ်တေ မနား  ယင်းခါ မြီထဲက ဗုံးတလုံးပေါက်ကွဲလားစွာ  လူငါးယောက်ပွဲချင်းသီလားပါရေ၊ အချေ နှစ်ယောက်တော့ ဆီးရုံမှာသီပါရေ  “လို့ စစ်တွေဆီးရုံကို ရောက်လာရေမူဆလင် အမျိုးသားတဦးက ဆိုသည်။

ရဲဝန်ထမ်းတစ်ဦးက“ ကမ်းခြီမှာ ခဲတိထွက်တေလေ ယင်းတွက်နန့်ခဲတူးကတ်ယင့် ဗုံးနန့်တွိရေခါ ပေါက်ကွဲလားစွာ ” လို့မှတ်ချက်ပီးသည်။

သို့သော် လည်း အဆိုပါ ပေါက်ကွဲမှုကြောင်း  လူ နှစ်ဆယ် ကျော်သီဆုံးကြောင်းလည်း သတင်းတိ ထွက်ပေါ်လာသည် ။
စစ်တွေ ဈီးကိုရောက်လာရေ သဲချောင်း ရွာက အမျိုးသမီး တစ်ဦးက “  သီစွာက နှစ်ဆယ် လောက်ရှိရေ။အမှုဖြိုက်လတ်မယ်လို့ အလောင်းကိုဖျောက်ပလိုက်ကတ်တေ၊ လူငါးယောက် သီစွာကိုရာ ပြရေ ယင်းကမ်းခြီမာ ကအလုပ်သမားတိမကန်ရှိရေ“ လို့  အဆိုပါ အမျိုးသမီး ကပြောသည်။
ကနဦးက သတင်းအမျိုးမျိုးထွက်ကေလဲ နောက်ဆုံး စုံစမ်းထားရသောက် ရေ အဆိုပါဗုံးရေ ဂျပန်ခေတ်က လက်ကျန်ဗုံးဖြိုက်ပြီးကေ မြီထဲမှာ နှစ်ပေါင်ကြာမြင့်စွာ ရှိရေ ခါ အဂုပိုင်ခဲတူးဖော်ကာ ပေါ်ထွက်လာခြင်းဖြိုက်တေလို့သိရပါရေ။

ရခိုင်ရိုးမ အနိန်နန့် အခင်းဖြစ်ပွားခရေ နိန်ရာသို့ လားရောက်ခရာ ရွာသားအချို့ သတင်းကို ထိန်ချန်ထားကြပြီး အသေးစိပ်ကို ပြောရန် ငြင်းဆန်ကြသည်။

 ဗုံးပေါက်ကွဲမှု ကြောင်းဆီးရုံကိုရောက်လာရေ အချေနှစ်ယောက်သီဆုံးမှုကိုအတည်ပြုနိုင်ခကေလဲ ကျန်ရေ အလောင်းတစ်ချို့်ကို အတည်ပြု မရနိုင်သိမ့်ပါ။

ဗုံးကြောင့် သီဆုံးလားသူတိမှာမူဆလင် ဘာသာဝင်တိဖြိုက်ကြောင်း လည်းသိရသည်။ ဒေဂုပိုင် ကုလားရွာ  အတွင်းဗုံးပေါက်ကွဲမှု ရေ အထူးအဆန်းဖြိုက်နိန်ကြောင်းပြည်သူတိကိုဆိုသည်။

ယင်းသို့ကုလားရွာ အတွင်းဗုံးပေါက်ကွဲမှုကို ပြည်သူတိ သံသယ အမျိုးမျိုးထင်းကြေးပီးနိန်ကတ်တေ။
ဒေနှစ်သင်္ကြန် ကာလ အတွင်းကလည်း  မောင်တောမြို့နယ် မှာ မူဆလင် ၁၉ ဦးကို ဖောက်ခွဲရေး ဗုံးတိနန့် အတူဖမ်းဆီးမှုတိရှိခရေ အတွက်ယင်းသို့ သံသယ ရှိနိန်ကြခြင်းဖြိုက်ကြောင်းသိရသည်။

ဂျပန်ခေတ် လက်ကျန်ဗုံးတိကြောင်း လွန်ခရေ နှစ် အနည်းငယ်တိကလည်း မင်းပြားမြို့နယ် ဆင်ကြီးပြင်ကျေးရွာက လူငယ်တဦးနန့် ပန်ဇင်းမော်ကျေးရွာကလူကြီးတဦးပွဲချင်းပြီးသီဆုံးမှုတိလည်း ရှိခသည်။

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More