ရခိုင်ပြည်နယ်ရှိ မူဆလင် ဘင်္ဂလီများကို ကြံ့ဖွံ့ ပါတီဝင်များကလူဝင်မှုကြီးကြပ်ရေးဌာနနှင့်ပူးပေါင်းကာ ယာယီနိုင်ငံသားကဒ်ထုတ်ပေးနေကြောင်းသိရသည်။
“ ထုတ်ပေးတာကတော့ လ၀ကနေ ထုတ်ပေးတာပါ ယာယီ နိုင်ငံသားကဒ်ပေါ့၊ မဲထည့်နိုင်အောင်လို့ ပါ
ဒီနောက်ပိုင်း ဘင်္ဂလီတွေ ကအဲင်္ဒီကဒ်နဲ့ အရှေ့ဘက်ကိုတောင်သွားနေကြပြီ၊ အစစ်အဆေးလဲမရှိတော့
ဘူး“ ဟုဝန်ထမ်းတစ်ဦးကပြော သည်။
လျင် ယာယီ နိုင်ငံသားကဒ်ထုတ်ပေးမည်ဟု မဲဆွယ်စည်းရုံးရေး တွင် ဟောပြောခဲ့သည့်နောက်ပိုင်း ဘင်္ဂလီများ ယာယီနိုင်ငံသားကဒ်ပိုလုပ်လာကြ ကြောင်း စစ်တွေ မြို့ခံတစ်ဦးကပြော သည်။
” ဘင်္ဂလီတွေ က အခုရက် ပိုင်း ပတ်စ်ပို့ ရိုက်လာတာတွေ ပိုများလာတယ်။ ကျနော်ကသူတို့ ကိုမေးတယ်။သူတို့ပြေတာက ကြံ့ဖွံ့ပါတီ ကို ၀င်ဖို့ အတွက် ရိုက်တာတဲ့ ပြီးတော့ယာယီနိုင်ငံသားကဒ်ထုတ်ပေးမှာတဲ့။အဲလိုဘဲ ကျနော်ကိုပြောကြတယ်။ ကျနော်ထင်တာကတော့ ကြံ့ဖွံ့တွေ သူတို့ ပါတီ အနိုင်ရဖို့ အတွက် စည်းမက်လုံးပေးစည်းရုံးတာပဲ“ ဟုပြော သည်။
ပြည်ခိုင်ဖြိုး ပါတီဝင်တစ်ဦးကမူ ယင်းသို့မက်လုံးပေးမဲဆွယ်စည်းရုံးမှုများ မရှိသေးကြောင်း ပြော သည်။
“ ကျနော်တို့က ပါတီ အနိုင်ရဖို့ အတွက် အဲလိုမျိုး စည်းရုံးတာတော့ မရှိဘူးခင်ဗျာ. ၊ ဟိုတလောက တောင်ကြားလိုက်သေးတယ်ကျနော်တို့ပါတီ က ၀န်ထမ်းတွေကို ကြိုတင်မဲထည့်ခိုင်းတယ်လို့ သတင်းတွေ ထွက်ခဲ့ တယ်။ အဲဒီကိစ္စကို ကျနော်တို့ အစည်းဝေးတွေမှာလဲ တင်ပြတယ်။ ပြည်သူတွေ အထင်မှားသွားအောင် မလုပ်ဖို့” ဟု သူက ပြော သည်။် ရခိုင်လူထုအများစုကမူ ရခိုင်ပါတီ များကိုသာမဲထည့်ရန်ဆန္ဒရှိ ကြ သလို မဲလိမ်မှု များဖြစ်လာ မည် ကိုလည်း စိုးရိမ်နေကြကြောင်း သိရ သည်။
0 မှတ်ချက်ပေးရန်:
Post a Comment