၁၉၇၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ လူအခွင့်အရေးလှုပ်ရှားသူတိ ဖမ်းဆီးထောင်ချခံခရရေအတွက် ယင်းနိကို လူ့အခွင့်အရေးသမားတိအတွက် အောက်မိဖွယ်နိအဖြစ် သတ်မှတ်ပနာ အခမ်းအနားတိ နှစ်စိုင်ကျင်းပကတ်ပါရေ။ ယင်းအခမ်းအနားမှာ လူ့အခွင့်အရေးရှေ့နေမကြီး နန္ဒီတာဟက်ဆာက အမှာစကားပြောကြားနိန်ပုံ.
This is default featured post 2 title
၁၉၇၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ လူအခွင့်အရေးလှုပ်ရှားသူတိ ဖမ်းဆီးထောင်ချခံခရရေအတွက် ယင်းနိကို လူ့အခွင့်အရေးသမားတိအတွက် အောက်မိဖွယ်နိအဖြစ် သတ်မှတ်ပနာ အခမ်းအနားတိ နှစ်စိုင်ကျင်းပကတ်ပါရေ။ ယင်းအခမ်းအနားမှာ ရခိုင်နန့် ကရင်ရဲဘော်တိ တက်ရောက်လာကတ်ပုံ.
ဘင်္ဂလားဒေ့ရှ်ခကြာစိုရီခရိုင် ဖလံထောင်ဒေသရှိ ရခိုင်သူ ရခိုင်သားတိရေ ဧပြီလထဲက ကုလားရခိုင်အဓိကရုဏ်းကြောင့် အိုးမဲ့၊ အိမ်မဲ့၊ နီစရာ စားစရာမရှိ အခြေအနေကို ရောက်ရှိနိန်ရေအတွက် ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)က နီးစပ်ရာ ရခိုင်လူထုနန့်တခြားလူမျိုးတိဘားက အလှူငွေကောက်ခံဗနာ ဖေးသာတိနန့် လှူဖွယ်ပစ္စည်းတိကို (၃)ရက်တိုင်တိုင် လားရောက်လှူဒါန်းစိုင်
Wednesday, October 05, 2011
စစ်တွေရှိ ရဟန်းသံဃာ စာသင်သားတိကို စည်းကမ်းသစ်တစ်ချို့ သတ်မှတ်
ရခိုင်ကမ်းလွန် ဓာတ်ငွေ့ကိစ္စ လွှတ်တော်မှာတင်ပြ
Wednesday, September 07, 2011
မလေးသျှား ရခိုင်ဒုက္ခသည် ရုံးပေါင်းစီးရေး ယာယီညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီး
Tuesday, September 06, 2011
ARAKAN နာမေကို တရားမ၀င်လွဲမှားစွာ သုံးစွဲနီခြင်းနန့်  ပတ်သတ်ပြီး ရခိုင်တမျိုးသားလုံး အားအရေးပေါ် အသိပီးတင်ပြခြင်း အခမ်းအနား
Thursday, September 01, 2011
သဲချောင်းမှာ ဗုံးပေါက်ကွဲ လူ ၇ ယောက်သီ
Saturday, August 13, 2011
ရခိုင်/မြန်မာပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း အောက်မိဖွယ် အခမ်းအနား စစ်တွေမှာကျင်းပဖို့ရှိ
စစ်တွေ။ ။ ၂၁ နှစ်မြောက် ရခိုင် /မြန်မာပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်းအား အောက်မိဖွယ် အမှတ်တရအဖြိုက် စစ်တွေမြို့ ဂြစ်ဘက်ကျောင်းတွင် သြဂုတ်လ ၁၄ ရက်နိန့် မွန်းတည်းပိုင်းမာ အလှူဒါန်းပြုလုပ်ဖို့ရှိကြောင်း သတင်းရရှိသည်။
စစ်တွေမြို့ရှိ စာပီသမားတိအပါအ၀င် တခြားဆရာကြီး၏ တပည့်တိလည်း တက်ရောက်ကြဖို့လို့လည်း သိရသည်။

Friday, April 22, 2011
ကွာလာလမ်ပူ PUCHONG တွင် မလေးရှားရဲနှင့် အထူးတပ်ဖွဲ့မှ ဒုက္ခသည်တိကို ညဖက်ဝင်ရောက်ဖမ်းဆီး
ရခိုင်ရိုးမ(နယူးဒေလီ)။ ။ ကွာလာလမ်ပူမြို့ ပူချူန်းဒေသနိန် မြန်မာဒုက္ခသည်များအား ဒေနိန့် ညစာဖက်ည ၁၂ ချက်တီးကစဗျာလ် ဒေသခံရဲတိနှင့် ကွာလာလမ်ပူရှိ အထူးရဲတိပူးပေါင်းဗနာ စီမံချက်ဖြင့် ဝင်ရောက်ဖမ်းဆီးနိန်ကြောင်း သိဟိန့်ရပါရေ။
ဒေဂု ဖမ်းဆီး ထိန်းသိမ်းခံနိန်ရသူ အထဲမှာ မြန်မာနိုင်ငံသား ၁၅၀ကျော်လောက် ဟိန့် ပြီးကေ အများစုမှာ ပူချူန်း၊ TESCO – ပန်းခြံ အနီးတဝိုက်ရှိ ရခိုင်ဒုက္ခသည်တိ ဖြစ်ကြောင်း သိရှိရသည်။

Wednesday, April 20, 2011
ANC သဘာပတိ နောက်ထပ် တဦး ရန်သူပါးမှာ ဒူးထောက်
ရခိုင်ရိုးမ။ (လေးဝတီ)ခိုင်မင်းထွန်း ၂၁၊၄၊၂၀၁၁
ထိုင်းနိုင်ငံအခြီစိုက် မလေးရှား ANC ( သဘာပတီ) ။ NCGUB အစိုးရအဖွဲဝင် ၀န်ကြီး ဦးအောင်ထွန်းစိန် မှာ ဒေကနိန့်  မဲဆောက်ကလာရေ သတင်းအရ မြ၀တီဖက်ကမ်းကနိန်ပနာ ရန်သူစစ်အစိုးရပါးမှာ ဒူးထောက်လားခဗျန်လို့ သတင်းကြားရပါရေ ။
၁၉၉၀-ခုနှစ်မှာ ပုဏ္ဍားကျွန်းမဲဆန္ဒနယ်မြီက လွှတ်တော်ကိုယ်စားလှယ်တက်ခရေ ဦအောင်ထွန်းစိန်မှာ ၂၀၀၆- ခုနှစ် ထိုင်းနိုင်ငံဖက်ကို ထွက်လာပြီးကေပြည်ပတော်လှန်ရီးအဖွဲ့ တိနန့်  ပူးပေါင်းပနာ စစ်အစိုးရကို ဆန်ကျင်နိန်ခသူဖြစ်ပါရေ ။ဒုတိယအိမ်ထောင်အဖြစ်ရှမ်းအမျိုးသမီးတယောက်ကို
အိမ်ထောင်ပြုပြီး မဲဆောက်မှာ နိန်ခသူဖြစ်ပါရေ ။
၂၀၁၀- ခုနှစ် စစ်အစိုးရက ရွီးကောက်ပွဲလုပ်ပြီးကတည်းက ရန်သူပါးမှာဝင်ဖို့လုပ်နိန်စွာမှာ DKBA ဗိုလ်နှုတ်ခမ်းမွီး စောလားဘွယ်တပ်က ရွီးကောက်ပွဲနိန့် မှာ စစ်အစိုးရကို မြ၀တီမှာ တိုက်ခပါရေ။
ယင်းပိုင်တိုက်ခလို့ လဲ ရန်သူပါးမှာ ဒူးထောက်လားဖို့ လူတိ မ၀င်ဖြစ်ဘဲ ဟိန့် နိစွာက ပြည်ပအခြီစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့် ပေါင်းအစိုးရ ( NCGUB) ၀န်ကြီး တဦးက တော်လှန်ရီးကို သစ္စာဖေါက်ပနာ လားခရေပိုင် ရခိုင်လူမျိုးတိကိုလဲ သိက္ခာချလားစွာဖြစ်ကြောင်း ၀ီဖန်သံတိ ထွက်လာနိန်ပါရေ ။
ဦးအောင်ထွန်းစိန်မှာ မလေးရှားနိုင်ငံမှာ ပြုလုပ်ခရေ ANC ညီလာခံသဘာပတိ ဖြစ်ပြီးကေ လွန်ခရေ ၃-လလောက်ကလည်း သဘာပတိဖြစ်သူ ဦးပဒီးဖြူကဒူးထောက်လားခပြီးကြောင်း သိရပါရေ။ အခုပိုင် ရခိုင်ခေါင်းဆောင်တီ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက် လားနီကတ်စော်တိကို မြင်နီရလို့ ရခိုင်လူငယ်တီကောင်းစိတ်ပျက်နိန်ကတ်တေလို သိရပါရေ ။