Featured Video

khineroma.i@gmail.com

Wednesday, October 05, 2011

ရခိုင်ကမ်းလွန် ဓာတ်ငွေ့ကိစ္စ လွှတ်တော်မှာတင်ပြ


ရခိုင်ရိုးမ

နေပြည်တော်။      ။ရခိုင်ကမ်းလွန်က ထွက်ရှိရေ သဘာဝဓာတ်ငွေ့ကိစ္စနန့် ပတ်သက်လို့ အဆိုတရပ်ကို အမျိုးသားလွှတ်တော်မှာ စက်တင်ဘာ (၁၉)ရက်နိက လွှတ်တော် အမတ်တစ်ဦး တင်ပြခကြောင်းသတင်းရရှိပါရေ။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်  အမှတ်(၂) အမျိုးသားလွှတ်တော် အမတ် ဦးကျော်ကျော်က ရခိုင်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရီးနန့် ကျောက်ဖြူကမ်းလွန် ရှိ သဘာဝဓာတ်ငွေ့ ရရှိစွာကို အခြီခံပြီးကေ  မဟာဓာတ်အားလိုင်း ရရှိဖို့အတွက် အစီအစိုင်ရှိမရှိကို မိန်းမြန်းခစွာ ဖြိုက်တေ။



ယင်းသို့ မိန်းမြန်းချက်ကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး( အမှတ်၂ လျှပ်စစ်)က  သဘာဝဓာတ်ငွေ့ထက် သူဌေးချောင်း၊ အမ်းချောင်း၊ စိုင်းဒင် ၊လေးမြို့က ထွက်ရှိလာဖို့ ရီအားလျှပ်စစ်တိကိုရာ ရခိုင်ပြည်နယ်အတွင်း ဖြန့်ဖြူးလားဖို့ဖြိုက်ကြောင်း ဖြေကြားခကြောင့် သိရပါရေ။

လက်ရှိအနိန်အထားမှာ ရခိုင်ပြည်သူများက ကမ်းလွန်က ထွက်ရှိလာဖို့ သဘာဝဓာတ်ငွေ့ကို ပိုစိတ်ဝင်စားမှု ရှိနိန်ကြခြင်းဖြိုက်သည်။

ခေတ်အဆက်ဆက် ကြူံးဝါးလာရေ ရီအားလျှပ်စစ် ကို ပြည်သူတိ သံသယ ဖြိုက်လာ ကြရာ သည်။
“အစိုးရတိုင်းက ယင်း ရီအားလျှပ်စစ်ကိုဂျေး လက်ညိုးထိုးပြနိန်ရေ၊ ၁၉၅၂ ခုနှစ်ကတည်းက စိုင်းဒင်လို့အိပ်မက် မက်လာကတ်စွာ အဂုကြည့် နှစ်ပေါင်းဘလောက်ရှိဗျာယ်လေ၊ ယင်းကြောင်းလည်း ကျနော်ရို့ယုံရခက်နိန်စွာ”လို့ အသက် ၇၅ နှစ်အရွယ်ခန့်ရှိရေ စစ်တွေ မြို့ခံတစ်ဦးကပြောသည်။

လွှတ်တော်မှာရေ ယင်းကိစ္စကိုရခိုင်လွှတ်တော်အမတ်တစ်ချို့ က တင်သွင်းကေလဲ့  တိကျရေ အဖြေ ထွက်မလာခြင်းသည်ရေ ရခိုင်လူထုအတွက် အားမလိုအားမရ ဖြိုက်လာသည်။

“ဆွေးနွေးကတ်တယ် လွှတ်တော်သုံးရပ်မှာ သဘာဝဓာတ်ငွေ့ကိစ္စကို၊ ယေလဲ သဘာဝဓာတ်ငွေ့ကိုရေ ပြည်ပကိုစာချုပ်နန့်ရောင်းစားထားရေအတွက် ဒေသခံပြည်သူတိ အကျိုးခံစားခွင့် မရှိ ၊ဆိုစွာတိကြားလာရေ နောက်ဆုံးပြောရဖို့ဆိုကေ ကိုယ့်ဒေသထွက် အသီး ကိုကိုယ်ရို့မစားရရေ ဘဝရောက်နိန်ဗျာယ်”လို့ အဆိုပါ ဒေသခံကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းလျှပ်စစ်ပြဿနာရေ  ရခိုင်ပြည်သူတိ အတွက် အရေးပါရေ အကြောင်းတရပ်ဖြိုက်နိန်သည်။

ရခိုင်ကမ်းလွန်က ထွက်ရှိရေ သဘာဝဓာတ်ငွေ့ကိုလာဖို့ ၂၀၁၃ ခုနှစ်မှာ ပြည်ပသို့ ထုတ်ရောင်းဖို့ ဖြိုက်ပြီးကေ ရခိုင်ပြည်သူတိအတွက် အကျိုးတစ်စုံတရာ ခံစားခွင့်မရှိကြောင်းလည်း ကျောက်ဖြူမြို့က အမည်မဖော်လိုရေ အစိုးရ အရာရှိတစ်ဦးက ပြောပါရေ။

“ဒေကိစ္စက လွှတ်တော်မှာတောင် မဖြေရှင်းနိုင်ဆိုခါ ၊ကျနော်ရို့လဲ ပြောရဖို့ခက်တေ၊ ယေလဲ ရခိုင်က ထွက်တေ ဂက်စ်ကိုတော့ အကျိုးခံစားခွင့်လိုချင်စွာကတော့ အမှန်ပါ့၊ အဂုကျောက်ဖြူမှာဆိုကေ လူတိုင်းစိ လျှပ်စစ်မီးကို မသုံးနိုင် မီတာခဈီးကြီလို့လေ၊ စီမံကိန်းလုပ်ငန်းတိမှာဆိုကေ မီးထထိန်လင်းလို့ ဇာလောက် ကွာလားလေးဆိုစွာ မင်းရို့လည်းစိုင်းစားကြည့်ကတ်လေ“လို့ ပြောသည်။

ရခိုင်ကမ်းလွန်တစ်လျှောက်မှာလုပ်ကွက် ၁၆ ကွက်ရှိပြီး  အေ-၁ နန့် အေ-၃ ကထွက်ရှိဖို့ ရိနံနန့် သဘာဝဓာတ်ငွေ့ကို ၂၀၁၃ ခုနှစ်မှာထုတ်ယူဖို့ဖြိုက်တေ။

မြန်မာအစိုးရကရေ ရခိုင်ပြည်အတွက် လျှပ်စစ်ဖြန့်ဖြူးရိးမှာ သဘာဝဓာတ်ငွေ့အစား ရီအားလျှပ်စစ်ကို ထုတ်သုံးရန် အတွက် ရီအားလျှပ်စစ်စီမံကိန်း (၇)ခုကို  ထုတ်လုပ်ရန် လျှာထားကြောင်းသိရသည်။

အစိုးရအဆက်ဆက် ရခိုင်ပြည်နယ်အတွင်း ရီအားလျှပ်စစ် ထုတ်ဖို့စွာတိမှာ အမ်းချောင်း ရီအားလျှပ်စစ်စီမံကိန်း၊ သူဌေးချောင်း ရီအားလျှပ်စစ် စီမံကိန်း၊ ပြိုင်းချောင်း ရီအားလျှပ်စစ်၊ ဇီးချောင်း ရီအားလျှပ်စစ်၊ ယိုးချောင်း ရီအားလျှပ်စစ်၊ စိုင်းဒင် ရီအားလျှပ်စစ်၊ လေးမြို့ချောင်း ရီအားလျှပ်စစ်ရို့ ဖြိုက်တေလို့ အစိုးရထုတ်ပြန် ထားချက်အရ သိရပါရေ။

0 မှတ်ချက်ပေးရန်:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More