Featured Video

khineroma.i@gmail.com

၁၉၇၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ လူအခွင့်အရေးလှုပ်ရှားသူတိ ဖမ်းဆီးထောင်ချခံခရရေအတွက် ယင်းနိကို လူ့အခွင့်အရေးသမားတိအတွက် အောက်မိဖွယ်နိအဖြစ် သတ်မှတ်ပနာ အခမ်းအနားတိ နှစ်စိုင်ကျင်းပကတ်ပါရေ။ ယင်းအခမ်းအနားမှာ လူ့အခွင့်အရေးရှေ့နေမကြီး နန္ဒီတာဟက်ဆာက အမှာစကားပြောကြားနိန်ပုံ.

This is default featured post 2 title

၁၉၇၅ ခုနှစ်က အိန္ဒိယနိုင်ငံမှာ လူအခွင့်အရေးလှုပ်ရှားသူတိ ဖမ်းဆီးထောင်ချခံခရရေအတွက် ယင်းနိကို လူ့အခွင့်အရေးသမားတိအတွက် အောက်မိဖွယ်နိအဖြစ် သတ်မှတ်ပနာ အခမ်းအနားတိ နှစ်စိုင်ကျင်းပကတ်ပါရေ။ ယင်းအခမ်းအနားမှာ ရခိုင်နန့် ကရင်ရဲဘော်တိ တက်ရောက်လာကတ်ပုံ.

ဘင်္ဂလားဒေ့ရှ်ခကြာစိုရီခရိုင် ဖလံထောင်ဒေသရှိ ရခိုင်သူ ရခိုင်သားတိရေ ဧပြီလထဲက ကုလားရခိုင်အဓိကရုဏ်းကြောင့် အိုးမဲ့၊ အိမ်မဲ့၊ နီစရာ စားစရာမရှိ အခြေအနေကို ရောက်ရှိနိန်ရေအတွက် ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU)က နီးစပ်ရာ ရခိုင်လူထုနန့်တခြားလူမျိုးတိဘားက အလှူငွေကောက်ခံဗနာ ဖေးသာတိနန့် လှူဖွယ်ပစ္စည်းတိကို (၃)ရက်တိုင်တိုင် လားရောက်လှူဒါန်းစိုင်

Wednesday, December 29, 2010

NUPA ဥက္ကဌ စစ်တွေ စရဖတွင် အစစ်ခံနေရဆဲ

ကျော်ဇင်

ခိုင်ရိုးမ-စစ်တွေ။        ။ယခု လ ၂၄ ရက်နေ့မှာ စစ်အစိုးရထံ အညံ့ခံသွားတဲ့ NUPA ဥက္ကဌ ဦးပတီးဖြူနှင့် သံဃာတော်တပါးဟာစစ်တွေစရဖမှာအစစ်ဆေးခံနေရဆဲဖြစ်ကြောင်းစစ်တွေမှာလာသောသတင်းများအရသိရသည်။

NUPA ဥက္ကဌ ဦးပတီးဖြူတို့ နှစ်ဦးကို စစ်တွေရှိ အမှတ် ၁၅ စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ်ရှိ စရဖတပ်ဖွဲ့တွင် ထားရှိပြီး လိုအပ်သည့်  စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Tuesday, December 28, 2010

ရခိုင်သင်ရိုးကို အစိုးရသစ်တရပ်တွင်ပြသွားမည်

Photo-Rakhaing Tharr
ဒီဇင်ဘာလ ၂၈ ရက်၊ ၂၀၁၀ ခုနှစ်။       
 
           ခိုင်းရိုးမ(စစ်တွေ)။တိုင်းရင်းဘာသာကို မိခင်ဘာသာစကား အဖြစ် အခြေခံပညာ မူလတန်း အဆင့်တွင် သင်ကြားနိုင်ရေးအတွက် အစိုးရသစ်တရပ်တွင် တင်ပြသွားနိုင်ရန် ပြင်နေကြောင်း သိရသည်။

ပျောက်ကွယ်လု ဖြစ်နေသည့် ရခိုင်ဘာသာစကားကို  ရခိုင်သင်ရိုးဖြစ်မြောက်ရေး အဖွဲ့က ဦးစီးပြီး ရခိုင် ပညာရှင်းများက သင်ရိုးစာအုပ်အဖြစ် ညှိနှိုင်းဆွေးနွေးကာ ၂၀၁၀ ရွေးကောက်ပွဲက တက်လာသည့် အစိုးရသစ်တရပ်တွင်တင်ပြနိုင်ရန်အတွက် ရခိုင်စာပေ ညာရှင်များ ဥပဒေဘောင်အတွင်း က တင်ပြသွားမည်ဖြစ်သည်။

" ကျနော်တို့ ဆွေးနွေးဆဲကာလပါ၊ သင်ရိုးကိုလဲ ရေးဆွဲဖို့အတွက် ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး တင်ပြထားပါတယ်။ တက်လာမယ့် အစိုးရဆီကို တင်ပြသွားမှာပါ။ ကျနော်တို့ရခိုင်စာကို မူလတန်း အဆင့်မှာ သင်ကြားနိုင်ဖို့ အတွက်ကို" ဟု ရခိုင်သင်ရိုးဖြစ်မြောက်ရေး အဖွဲ့မှ  အဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါ ရခိုင်တိုင်းရင်းဘာသာစကားကို မူလတန်းအဆင့်တွင်ပြဌာန်းနိုင်ရေးအတွက် ယခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် စာပေပညာရှင်များဆွေးနွေးပွဲတရပ်ကို  စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်တွင် စစ်တွေမြို့ရှိ စာပေပညာရှင်များကပြုလုပ်ခဲ့ပြီး  ရခိုင်ဘာသာစကားစံတခုဖြစ်ရန် အတွက် ပညာရှင်အားလုံးသာဘောတူသည့် တင်ပြချက်များကိုလည်း  ဆွေးနွေးခဲ့သည်။

" ကျနော်တို့ တင်ပြတာကိုတပြည်နယ်လုံးအတိုင်းအတာထိ သုံးနိုင်အောင် ပညာရှင်တွေရဲ့ သဘောထားတွေကိုကောက်ခံတာလဲရှိပါတယ်။ အားလုံးသဘောတူမှ ရခိုင်ဘာသာစကား စံတခု အဖြစ်  သတ်မှာဖြစ်ပါတယ်" ဟု ရခိုင်သင်ရိုးဖြစ်မြောက်ရေး အဖွဲ့မှ  အဖွဲ့ဝင်က ဆက်ပြောသည်။

သို့သော်မည်သည့် ကာလမှာ စတင်အကောင်အထည်ဖော်မည်ကို ရွေးကောက်ပွဲက တက်လာ သည့် အစိုးရလက်ထက်တွင်ပြဌာန်းနိုင်ဖွယ်ရှိကြောင်းရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ မှ တွဲဖက်အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

"ရခိုင်ဘာသာစကားနဲ့ ပြဌာန်းမယ်ဆိုတာကို ရခိုင်လူထုတွေက လိုလားနေကြတယ်။ ဥပဒေ ဘောင်အတွင်းကနေကြိုးစာနေကြတာပါ။ အခု တက်လာမယ့်အစိုးရသစ်မှာ တင်ပြသွားဖို့ရှိတယ်။ အခု သင်ရိုးပြဌာန်းစာအုပ်တွေ ပြုစုဖို့အတွက်ဆွေးနွေးနေဆဲပါ" ဟုဦးခိုင်ပြည်စိုးက ပြောသည်။

Saturday, December 18, 2010

စီမံကိန်းကြောင်း ပြည်သူပိုင်မြေများဆုံးရှူံး

ဒီဇင်ဘာလ ၁၇ ရက် ၊ သောကြာနေ့။
ကိုလတ်( ပန်းဇင်မော်)

ခိုင်ရိုးမ(ကျောက်ဖြူ)။         ။ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု စီမံကိန်းများကြောင်း ပြည်သူပိုင်လယ်ယာခြံမြေများ ကို ဒေသခံအာဏာပိုင်များက  ပြည်ပနိုင်ငံမှ လုပ်ငန်းရှင်များကို ရောင်းချနေကြောင်း သိရသည်။

နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု ဖြင့်  ကျောက်ဖြူမြို့ တွင် အထူးစက်မှုဇုန်များတည်ဆောက်ရန် အတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များက မြေကွက်များကို ဒေသခံပအာဏာပိုင်ထံမျှ ဝေယူနေကြခြင်း ဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကြောင့် ဒေသခံပိုင် ဆိုင်ခန်း ၄၀ လျှော့ဈေးပေးပြီး ပြောင်းခိုင်းခံရ

ဒီဇင်ဘာလ ၁၇ ရက် ၊ သောကြာနေ့။
ကိုလတ်( ပန်းဇင်မော်)

ခိုင်ရိုးမ(ကျောက်ဖြူ)။ ။ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် အနောက်ဘက် ၇ မိုင်အကွာ ရှိသည့် မဒေးကျွန်းတွင် နိုင်ငံတကာေ၇နံတင်ဆိပ်ကမ်း ဆောက်လုပ်လျှက်ရှိရာတွင် ဆိပ်ကမ်းနယ်မြေအတွင်း မလွတ်ကင်းသည့် ဆိုင်ခံ ၄၀ ကို လျှော့ဈေးပေးပြီး ယခုလ ၃ ရက်နေ့က အဓမ္မပြောင်းခိုင်းလိုကသည့် အတွက်ကြောင့် ပြည်သူများ အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း ဒေသခံများအဆိုအရ သိရသည်။

ကျောက်ဖြူမြို့ အမှတ် (၁) ဆိပ်ကမ်းကို တိုးချဲ့ရာတွင် တခန်းကို ကျပ် ၈သိန်း တန်ဖိုးရှိသည့် သန်ပန်ချောင်းရပ်ကွက်မှ ဆိုင်ခန်း ၄၀ ကိုပြောင်းရွေ့ခိုင်းခြင်းဖြစ်ပြီး ယင်းပြောင်းရွေ့ခိုင်းမှု အတွက် ဒေ၀ူး ကုပ္မဏီက လျှော်ကြေးငွေ အဖြစ် ကျပ် ၅ သောင်းစီ ထုတ်ပေးခဲ့တယ်လို့  ကျောက်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်မှ အမည်မဖေါ်လိုသည့် ဒေသခံတဦးက ပြောသည်။
တရုတ်၊ ကိုး၇ီးယားလူမျိုးနဲ့ဒေသခံ ခယကအာဏာပိုင်တိက ရွှေ့ခိုင်းတာပါ ၊ တခြားနေရာကို ရွှေ့ပြောင်းဖို့အတွက် အတင်းအကျပ် ရွှေ့ပြောင်းခိုင်းပါတယ် ၊လျော်ကြေးက ၅သောင်းဘဲရပါတယ်။ ၊ မြေကွက်တွေပေးတာတွေတော့ရှိတယ်၊ ဖျက်စီးခံရလိုက်ရတာတွေက ဈေး ဆိုင်တွေပါဟု အလယ်ပိုင်းရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။

လွန်ခဲ့သည့် ၁၀စုနှစ်ခန့်က ဆိုင်ခန်းများတည်ဆောက်စဉ် မြို့နယ်စည်ပင်မှ ၀ယ်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရောက်အ၀ယ် ပုံမှန်ဖြစ်နေချိန်တွင် ယခုလို ဆိုင်းခန်းများကိုပြောင်းရွေ့ခိုင်းသည့် အတွက် ဒေသခံပြည်သူတွေအနေဖြင့် စီးပွါးရေး အကြပ်အတည်းဖြင့် ရင်ဆိုင်နေရကြောင်း ယင်းဒေသခံတဦးက ပြောသည်။

ယခု ဆိပ်ကမ်းတိုးချဲ့ ဆောက်လုပ်ခြင်းမှာ မဒေးကျွန်းမှာ ရှိသည့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန်လိုအပ်သည့် စက်ကိရိယာနှင့် ပစ္စည်းများ သယ်ပို့နိုင်ရန် ကျောက်ဖြူမြို့ အမှတ် (၁) ဆိပ်ကမ်းကို ယခုလမှ စပြီး အသစ် ပြင်ဆင်နေခြင်းဖြစ်သည်။

ထို့အပြင် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ နိုင်ငံတကာရေနံတင်ဆိက်ကမ်းမှ ရေနံနှင့် သဘာဝဓာတ်ငွေများကို တရုတ်ပြည်သို့သယ်ယူရန်  အတွက် အရှည် ၂၃၈၄ ကီလိုမီတာ (၁၄၇၉ မိုင်) ရှိသည့် ကျောက်ဖြူ -ကူမင်း မီးရထားလမ်းမကြီးကိုလည်း ဖောက်လုပ်လျှက်ရှိရာ စီမံကိန်းကာလသည် ၂၀၁၅ ခုနှစ်တွင် အပြီးသတ်မည် ဟု သိရသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင်ရှိသည့် နိုင်ငံတကာရေ နက်ဆိက်ကမ်းကို ၂၀၁၀ နှစ်ဆန်းပိုင်းတွင် စတင်အကောင်အထည် ဖော်ဆောင်ခဲ့ရာ ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ၄င်း ဆိပ်ကမ်းမှ အ ရှေ့အလယ်ပိုင်းနိုင်ငံများသို့ပိုက်လိုင်းသွယ်တန်း မည်ဟု သိရသည်။

Wednesday, December 15, 2010

ရခိုင်လူထုအပေါ် အနိုင်ကျစိုးမိုးနေသည့် တပ်မတော်ကြောင်း အပြစ်မဲ့ပြည်သူတဦး သေဆုံး

ခိုင်းရိုးမ။    ။     ၁၄-၁၂-၂၀၁၀ ညနေ ၂း၃၀ မိနစ်တွင် ကျောက်ဖြူမြို့နယ်သိုင်းချောင်းကျေးရွာမှ ၀င်းမောင် အသက်(၂၆) နှစ် အဘ (ဦးပန်းချီးအောင်) နှင့် မိန်းမ  ယောင်္ကျား (၉) ဦး နှင့်အတူ စပါးအငှါးရိတ်ရန် စက်လှေ ဖြင့် မအီကျေးရွာသို့အသွား တွင် မင်းကြောင်းတံတားအနီး ၅၄၂ တပ်ရင်းမှ စစ်ဆေးရေးဂိတ်မှစစ်ဆေးရန်ခေါ်ရာတွင် စက်လှေမှ ကြိုးသည် စစ်ဗိုလ်ကို ထိသွားသဖြင့်စစ်ဗိုလ်ကဒေါသထွက်ကာ ၀င်းမောင်ကိုပစ်သတ်လိုက်ခြင်းဖြစ်သည်။ သေနက်ဖြင် ပစ်ခတ် သည့် အတွက် ၀င်းမောင် တွင် (ညာ)ခြေထောက်သေနတ်ထိမှန်ကာ  ပြင်ဖြူမော်ကျေးရွာအနီသို့ရောက်ခါနီး သွေးထွက်လွန်ပြီး သေဆုံးသွားသည်။ အလောင်းကို ကျောက်ဖြူ ဆေးရုံ ရင်ခွဲရုံတွင် ရင်ခွဲစစ်ဆေးပြီး ၁၅-၁၂-၂၀၁၀ နေ့ ညနေ ၂း၃၀ အချိန်တွင် သဂြ်ုလ် လိုက်သည် ။ ၀င်းမောင် သေနတ်ပစ်ခံရသည့် အမှု ကို  အထက်အရာ ရှိများစစ်ဆေးနေကြောင်းသိရသည်။

                                ရခိုင်လူထုကိုမြင်လျှင် ရန်သူဟုသတ်မှတ်ထားခြင်းလော့။
                            ယခုလို စစ်တပ်ယုတ်မာပုံကို မီဒီယာက မဖော်ထုတ်နိုင်ခဲ့လျှင်။
       စစ်တပ်ကလူမဆန် စွာရက်စက်မှုကြောင်း ယခု လိုသေဆုံးခြင်းများ မရေတွက်နိုင်တော့ပါ။

Saturday, December 11, 2010

စစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင် အထူးစီးပွားရေးဇုန် တည်ဆောက်သွားမည်

ဒီဇင်ဘာလ ၁ ရက်။ 
ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင် အထူးစီးပွားရေးဇုန်များ တည်ထောင်သွားရန်ရှိကြောင်း ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးက မကြာသေးမီက စစ်တွေမြို့တွင် ကျင်းပခဲ့သော ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

ကျောက်ဖြူ-ကူမင်းမီးရထားလမ်း ၂ဝ၁၅ တွင် အပြီးဆောက်မည်

ဒီဇင်ဘာလ ၅ ရက်၊ ၂၀၁၀ခုနှစ်။

  ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ဆက်သွယ် ဖောက်လုပ်မည့် ကျောက်ဖြူ-ကူမင်း မီးရထားလမ်းကို ၂ဝ၁၅ တွင် အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ မီးရထားလမ်းများကိုပါ ဆက်သွယ်မည့်အပြင် ၉၅ မိုင် ရှည်လျားသည့်မင်းဘူး-အမ်းမှ ကျောက်ဖြူသို့ ထပ်မံဖောက်လုပ်မည့် လမ်းကြောင်းသစ်မှတစ်ဆင့် မင်းဘူး-မကွေး-မန္တလေး-လားရှိုးနှင့် မူဆယ်အထိ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ မူဆယ်မှ ကျယ်ခေါင်သို့ နယ်စပ် ဖြတ်ကျော် မီးရထားလမ်းကြောင်း စီမံကိန်းလုပ်ငန်းမှာ ဖော်ဆောင်နေပြီဖြစ် ရာ ၄င်းစီမံကိန်းပြီးဆုံးသွားပါက ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ်သို့ ကုန်းလမ်းမှ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသာမက မြန်မာ့ စီးပွားရေးနှင့် ကုန်သွယ်မှုအတွက် ဗဟိုချက် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ကျောက်ဖြူမြို့မှာ ကုန်ပစ္စည်းသယ်ပို့မှု၊ ဂိုဒေါင်ထားရှိမှု နှင့် တန်ဖိုးမြင့် ထုတ်လုပ်မှုကို တစ်ပါတည်း ဆောင်ရွက်လာနိုင်မည့် ဗဟို အခြေခံစခန်းအဖြစ် ထားမည်ဖြစ်ကြောင်းသိရသည်။
Ref: ဈေးကွက်ဂျာနယ်

Wednesday, December 08, 2010

Saturday, December 04, 2010

ရခိုင်ပြည်နယ်နေ့ကို စည်စည်ကားကားဖြစ်ရန် ရခိုင်လူထုတောင်းဆိုသွားမည်

 “ဒေမှာက ရခိုင်ပြည်နယ်နိန့် ဆိုစွော်ကို လူငယ်တိ မိန့်တောင်မိန့်နိန်ကတ်ပါဗျာယ်။ အစိုးရက လုပ်မပီးပိုင်လုပ်ချင်ကေလဲလုပ်ခွင့်မပီးပါ။ဇာကြောင့်လဲဆိုစွော်ကို ရခိုင်ပြည်နယ်နိန့်လို့ဆိုရေအစဉ်အလာနန့်ဝေါဟာရကို ဖျောက်ပစ်ဖို့ကြိုးစားနိန်ကတ်တေလို့ မြင်ပါရေ။ ပြီးကေ တိုင်းရင်းသားတိထဲမှာ သွီးစည်းညီ ညွတ်မှုရှိသူတိထဲမှာ

နိုင်ငံတကာ အထောက်အပံ့ဖြင့် ရခိုင်တွင် ပန်းချီပြခန်းဖွင့်

နိုင်ငံခြားသားတိက ရခိုင်ဒေသကို စိတ်ဝင်စားကတ်တေ၊နောက် ခရီးသွားအာဂန္တုတိလည်း လာကတ်တေဆိုခါ ပြင်သစ်က Alexandra de Mersan က နီပြီးကေ ပန်းချီပြခန်း လုပ်ဖို့အတွက် အကူအညီ ပီးစွာပါ”

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More