ဒီဇင်ဘာ ၇ ရက်၊ ၂၀၁၀ ခုနှစ်။
ခိုင်ရိုးမ-စစ်တွေ။ ။ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ အမှတ် ၂၈ ရေတပ်က တပ်သား ၄ ဦး သည် ယခုလ ၂ ရက်နေ့ကတပ်ကြပ်ကြီးတဦးနှင့် ခိုက်ရန်ဖြစ်ကာ မိခင်တပ်ရင်းမှ ပြေးသွားကြောင်း စစ်တွေမှ လာသော သတင်းများ အရ သိရသည်။
“ဆူညံရေဆိုပြီးကေ ဆရာကြီးတယောက်က သူရို့ကိုသတ်တေ။ ယေခါ ယင်းဆရာကြီးကို မကျေနပ်လို့ ပုလင်းနန့် ဆရာကြီးကိုထို့လိုက်တေ။ ယကေ သူရို့စွာ ပြဿနာပေါ်ဖို့စွာ ကြောက်လို့ထွက်ပြီးလားခပါရေ ” ဟု စစ်တွေမြို့ ရေတပ်အသိုင်းဝိုင်းနှင့်နီးစပ်သူတဦး ကပြောသည်။
အမှတ် ၂၈ ရေတပ်သည် စစ်တွေရှိ ဓည၀တီ ရေတပ်စခန်းဌာနချုပ်ရဲ့ လက်အောက်ခံတပ်ရင်းဖြစ်သည်။
ထွက်ပြေးသွားသူများသည် တပ်သားအဆင့်ရှိသူများဖြစ်ပြီး ရခိုင်အမျိုးသားနှစ်ဦးနှင့် ဗမာနှစ်ဦးဖြစ်ပြီး
ခိုက်ရန်ဖြစ်ပွါးမှုကြောင့် တပ်ကြပ်ကြီးရဲ့ လက်မောင်းတွင် အနည်းငယ်ထိခိုက်ဒဏ်ရာရရှိသေြာေ
ထွက်ပြေးနေသည့် ရေတပ်သား ၄ ဦးကို အမြန်ဆုံးဖမ်းနိုင်ရန် ရေတပ်မှ လိုက်လံ ရှာဖွေနေသော်လည်း အခုထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
ယင်းတပ်နှင့် နီးစပ်သူက ဆက်လက်ပြောကြားရာတွင် “သူရို့ တပ်ကြပ်ကြီးကို သတ်ပခရေနောက်ပိုင်း ပြန်မလာတော့ဘဲ ယခုထိ ပျောက်နီရေ၊ စစ်တပ်ကလဲနိရာအနှံ့ လိုက်ရှာနီရေ ကားဂိတ်၊ သဘော်ဆိပ်ရို့မှာ၊ အခုထိတော့ မတွိသိမ့်” ဟုပြော သည်။
ရခိုင်ပြည်နယ်တွင်းရှိ တပ်ရင်များတွင် အထက်အရာရှိများက အောက်လက်ငယ်သားများကို နိုင်ထက် စီးနှင်းမှု မကြာခဏ ရှိသောကြောင့် အောက်ခြေရဲဘော်များမှာ မကြာခနဆိုသလို မိခင်တပ်ရင်းများမှ ထွက်ပြေးလျှက်ရှိပြီး ယခု ရေတပ်သား ၄ ဦး ထွက်ပြေးမှုကို ပြင်ပသို့ သတင်းမပေါက်ကြားအောင်အာဏာပိုင်
0 မှတ်ချက်ပေးရန်:
Post a Comment