ကျော်ဇင်
ခိုင်ရိုးမ-စစ်တွေ။ ။ယခု လ ၂၄ ရက်နေ့မှာ စစ်အစိုးရထံ အညံ့ခံသွားတဲ့ NUPA ဥက္ကဌ ဦးပတီးဖြူနှင့် သံဃာတော်တပါးဟာစစ်တွေစရဖမှာအစစ်ဆေးခံနေရဆဲဖြစ်ကြောင်းစစ်တွေမှာလာသောသတင်းများအရသိရသည်။
NUPA ဥက္ကဌ ဦးပတီးဖြူတို့ နှစ်ဦးကို စစ်တွေရှိ အမှတ် ၁၅ စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ်ရှိ စရဖတပ်ဖွဲ့တွင် ထားရှိပြီး လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
“သူတို့ နှစ်ယောက်ကို မောင်တောမြို့ အောင်ဗလ မှောင်ခိုလှေဆိပ်မှာ ဒီက စရဖတွေက ည ၇ နာရီလောက်မှာသွားကြိုပြီး ဘူးသီးတောင်ကိုပို့လိုက်တာ။ နောက်တနေ့မှာ စစ်တွေကိုပို့လိုက်တာ။ သူတို့မှာ ဘာလက်နက်မှတော့ မပါဘူး” ဟု ၎င်းနီးစပ်သူက ပြောသည်။
ဦးပတီးဖြူ ၇၈ နှစ် နှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဟာရဘန်း ကျောင်းသစ်ကျောင်းမှ ဆရာတော် ဦးစန္ဒာသာရ ၄၃ နှစ်တို့ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီချိန်ခန့်တွင် မောင်တောမြို့ အောင်ဗလကျေးရွာရှိ မှောင်ခို စက်လှေဆိပ်မှ မောင်တော စရဖ အကြီးအကဲ ဗိုလ်ကြီး မျိုးဇာနည်နဲ့ အဖွဲ့က လာရောက်ကြိုဆိုကာဘူးသီးတောင်စရဖတပ်စု(၁)သို့ပို့ဆောင်ခဲ့ကြောင်းစရဖနှင့်နီးစပ်သူတဦးကပြောသည်။
ပါတီဥက္ကဌတယောက်အနေနှင့် ရန်သူထံအညံ့ခံခြင်းသည် ပြည်သူကိုသစ္စာဖေါက်ခြင်းနှင့်တူပြီး ပါတီ၏ ဥက္ကဌ တာဝန်ကို ဒုဥက္ကဌက ဆက်လက်တာဝန်ယူသွားမှာဖြစ်ကြောင်း ပါတီ၏အတွင်းရေးမှူးခိုင်ပန်းအောင်ကပြောသည်။
“ကျွန်တော်တို့ကတော့ ပါတီရဲ့ လစ်လပ်သွားတဲ့ ဥက္ကဌ နေရာမှာ ဒုဥက္ကဌက ဆက်လက်တာဝန်ယူပြီး ပါတီကို ဆက်လက်လည်ပတ်သွားမှာဖြစ်ပါတယ်” ဟု အတွင်းရေးမှူး ခိုင်ပန်းအောင်က ပြောသည်။
NUPAဥက္ကဌဦးပတီးဖြူသည်ပါတီ၏ရန်ပုံငွေ တာကာ ၆၀၀၀၀ကိုလည်း ယူဆောင်သွားခဲ့ကြောင်းသိရသည်။
ဦးပတီးဖြူသည် အာဏာပိုင်များနှင့် ကြိုတင်ဆက်သွယ်ပြီး အညံ့ခံခြင်း ဖြစ်သဖြင့် အရေးယူခံရဖွယ်မရှိကြောင်း မြန်မာနယ်စပ် အာဏာပိုင် အသိုင်းအ၀ိုင်းက ခန့်မှန်းထားသည်။
ဦးပတီးဖြူသည် ခမီး အမျိုးသား တဦးဖြစ်ပြီး ကျောင်းဆရာ ဘ၀ဖြင့် တောခိုလာခြင်းဖြစ်ပြီး
ခိုင်ရိုးမ-စစ်တွေ။ ။ယခု လ ၂၄ ရက်နေ့မှာ စစ်အစိုးရထံ အညံ့ခံသွားတဲ့ NUPA ဥက္ကဌ ဦးပတီးဖြူနှင့် သံဃာတော်တပါးဟာစစ်တွေစရဖမှာအစစ်ဆေးခံနေရဆဲဖြစ်ကြောင်းစစ်တွေမှာလာသောသတင်းများအရသိ
NUPA ဥက္ကဌ ဦးပတီးဖြူတို့ နှစ်ဦးကို စစ်တွေရှိ အမှတ် ၁၅ စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ်ရှိ စရဖတပ်ဖွဲ့တွင် ထားရှိပြီး လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
“သူတို့ နှစ်ယောက်ကို မောင်တောမြို့ အောင်ဗလ မှောင်ခိုလှေဆိပ်မှာ ဒီက စရဖတွေက ည ၇ နာရီလောက်မှာသွားကြိုပြီး ဘူးသီးတောင်ကိုပို့လိုက်တာ။ နောက်တနေ့မှာ စစ်တွေကိုပို့လိုက်တာ။ သူတို့မှာ ဘာလက်နက်မှတော့ မပါဘူး” ဟု ၎င်းနီးစပ်သူက ပြောသည်။
ဦးပတီးဖြူ ၇၈ နှစ် နှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဟာရဘန်း ကျောင်းသစ်ကျောင်းမှ ဆရာတော် ဦးစန္ဒာသာရ ၄၃ နှစ်တို့ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီချိန်ခန့်တွင် မောင်တောမြို့ အောင်ဗလကျေးရွာရှိ မှောင်ခို စက်လှေဆိပ်မှ မောင်တော စရဖ အကြီးအကဲ ဗိုလ်ကြီး မျိုးဇာနည်နဲ့ အဖွဲ့က လာရောက်ကြိုဆိုကာဘူးသီးတောင်စရဖတပ်စု(၁)သို့ပို့ဆောင်ခဲ့ကြောင်းစရဖနှင့်နီးစပ်သူတဦးကပြောသည်။
ပါတီဥက္ကဌတယောက်အနေနှင့် ရန်သူထံအညံ့ခံခြင်းသည် ပြည်သူကိုသစ္စာဖေါက်ခြင်းနှင့်တူ
“ကျွန်တော်တို့ကတော့ ပါတီရဲ့ လစ်လပ်သွားတဲ့ ဥက္ကဌ နေရာမှာ ဒုဥက္ကဌက ဆက်လက်တာဝန်ယူပြီး ပါတီကို ဆက်လက်လည်ပတ်သွားမှာဖြစ်ပါတယ်” ဟု အတွင်းရေးမှူး ခိုင်ပန်းအောင်က ပြောသည်။
NUPAဥက္ကဌဦးပတီးဖြူသည်ပါတီ၏ရန်ပုံငွေ တာကာ ၆၀၀၀၀ကိုလည်း ယူဆောင်သွားခဲ့ကြောင်းသိရသည်။
ဦးပတီးဖြူသည် အာဏာပိုင်များနှင့် ကြိုတင်ဆက်သွယ်ပြီး အညံ့ခံခြင်း ဖြစ်သဖြင့် အရေးယူခံရဖွယ်မရှိကြောင်း မြန်မာနယ်စပ် အာဏာပိုင် အသိုင်းအ၀ိုင်းက ခန့်မှန်းထားသည်။
ဦးပတီးဖြူသည် ခမီး အမျိုးသား တဦးဖြစ်ပြီး ကျောင်းဆရာ ဘ၀ဖြင့် တောခိုလာခြင်းဖြစ်ပြီး
ဗမာပြည်ကွန်မြူနစ်ပါတီတွင် တိုယ်နယ်စည်းရုံးရေးမှု တာဝန်ထမ်းဆောင်ခဲ့ရာ ၁၉၈၀ ခုနှစ်တွင် ဗကဗမှ ခွဲထွက်ကာ TNPပါတီကို ထူထောင်ခဲ့သည်။
0 မှတ်ချက်ပေးရန်:
Post a Comment