Featured Video

khineroma.i@gmail.com

Saturday, December 04, 2010

နိုင်ငံတကာ အထောက်အပံ့ဖြင့် ရခိုင်တွင် ပန်းချီပြခန်းဖွင့်

နိုင်ငံခြားသားတိက ရခိုင်ဒေသကို စိတ်ဝင်စားကတ်တေ၊နောက် ခရီးသွားအာဂန္တုတိလည်း လာကတ်တေဆိုခါ ပြင်သစ်က Alexandra de Mersan က နီပြီးကေ ပန်းချီပြခန်း လုပ်ဖို့အတွက် အကူအညီ ပီးစွာပါ”

ပြည်တွင်းသတင်းထောက်

ဒီဇင်ဘာလ ၅ ရက် တနင်္ဂနွေနေ့ ၂၀၁၀ ခုနှစ်။   ။
မြောက်ဦး။   ။ ရခိုင်ပြည်နယ်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့တွင် နိုင်ငံတကာ အထောက်အပံ့ဖြင့် ပန်းချီးပြခန်းတခု ကိုတည်ဆောက်လျက်ရှိကြောင်းသိရသည်။

သြစေတေးလျ နိုင်ငံမှ Zocke Galerie နှင့် ပြင်သစ်နိုင်ငံမှ ရခိုင်ယဉ်ကျေးမှု ဆိုင်ရာ မနုဿဗေဒ
ပညာရှင် Alexandra de Mersan( ဒေါ် သဇင်ဖြူ) တို့၏ အကူအညီဖြင့် မြောက်ဦးမြို့ ထုက္ကန်သိမ် ပုထိုးတော်ကြီး အနီးတွင် တည်ဆောက်လျက်ရှိ ကြောင်းသိရသည်။
“နိုင်ငံခြားသားတိက ရခိုင်ဒေသကို စိတ်ဝင်စားကတ်တေ၊နောက် ခရီးသွားအာဂန္တုတိလည်း လာကတ်တေဆိုခါ ပြင်သစ်က Alexandra de Mersan က နီပြီးကေ ပန်းချီပြခန်း လုပ်ဖို့အတွက် အကူအညီ ပီးစွာပါ” ဟု မြောက်ဦးမှ ရခိုင်သမိုင်းသုတေသီ တဦးက ပြောသည်။

အဆိုပါ ပြခန်းတွင် ပန်းချီ ရွှေမောင်သာ ၀င်းဖေမြင့်၊ စိုင်းဝေလျှံ၊ ခင်မောင်မြင့်တို့၏ ပန်းချီကား ချပ် များကို ထားရှိမည် ဖြစ်သည်။
ပြခန်း အကျယ် အ၀န်းမှာ ၁၈ပေ’ ၂၁ ပေရှိပြီး   ­­ဆက်လက်တိုးချဲသွားမည်ဟုသိရသည်။
ထိုအပြင် ပြခန်းတွင် ကမ္ဘာ ပန်းချီပညာ ရှင်များ၏  ပန်းချီ လက်ရာ များကိုလည်း ပြသသွားရန် အစီ အစဉ်ရှိကြောင်း ပန်းချီ ကားများကို လည်း ဈေးနှုန်းချိုချိုဖြင့် ရောင်းချ သွားမည်ဟု စုံစမ်း သိရှိရသည်။


0 မှတ်ချက်ပေးရန်:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More