Featured Video

khineroma.i@gmail.com

Wednesday, December 15, 2010

ရခိုင်လူထုအပေါ် အနိုင်ကျစိုးမိုးနေသည့် တပ်မတော်ကြောင်း အပြစ်မဲ့ပြည်သူတဦး သေဆုံး

ခိုင်းရိုးမ။    ။     ၁၄-၁၂-၂၀၁၀ ညနေ ၂း၃၀ မိနစ်တွင် ကျောက်ဖြူမြို့နယ်သိုင်းချောင်းကျေးရွာမှ ၀င်းမောင် အသက်(၂၆) နှစ် အဘ (ဦးပန်းချီးအောင်) နှင့် မိန်းမ  ယောင်္ကျား (၉) ဦး နှင့်အတူ စပါးအငှါးရိတ်ရန် စက်လှေ ဖြင့် မအီကျေးရွာသို့အသွား တွင် မင်းကြောင်းတံတားအနီး ၅၄၂ တပ်ရင်းမှ စစ်ဆေးရေးဂိတ်မှစစ်ဆေးရန်ခေါ်ရာတွင် စက်လှေမှ ကြိုးသည် စစ်ဗိုလ်ကို ထိသွားသဖြင့်စစ်ဗိုလ်ကဒေါသထွက်ကာ ၀င်းမောင်ကိုပစ်သတ်လိုက်ခြင်းဖြစ်သည်။ သေနက်ဖြင် ပစ်ခတ် သည့် အတွက် ၀င်းမောင် တွင် (ညာ)ခြေထောက်သေနတ်ထိမှန်ကာ  ပြင်ဖြူမော်ကျေးရွာအနီသို့ရောက်ခါနီး သွေးထွက်လွန်ပြီး သေဆုံးသွားသည်။ အလောင်းကို ကျောက်ဖြူ ဆေးရုံ ရင်ခွဲရုံတွင် ရင်ခွဲစစ်ဆေးပြီး ၁၅-၁၂-၂၀၁၀ နေ့ ညနေ ၂း၃၀ အချိန်တွင် သဂြ်ုလ် လိုက်သည် ။ ၀င်းမောင် သေနတ်ပစ်ခံရသည့် အမှု ကို  အထက်အရာ ရှိများစစ်ဆေးနေကြောင်းသိရသည်။



                                ရခိုင်လူထုကိုမြင်လျှင် ရန်သူဟုသတ်မှတ်ထားခြင်းလော့။
                            ယခုလို စစ်တပ်ယုတ်မာပုံကို မီဒီယာက မဖော်ထုတ်နိုင်ခဲ့လျှင်။
       စစ်တပ်ကလူမဆန် စွာရက်စက်မှုကြောင်း ယခု လိုသေဆုံးခြင်းများ မရေတွက်နိုင်တော့ပါ။

0 မှတ်ချက်ပေးရန်:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More