Featured Video

khineroma.i@gmail.com

Saturday, December 11, 2010

ကျောက်ဖြူ-ကူမင်းမီးရထားလမ်း ၂ဝ၁၅ တွင် အပြီးဆောက်မည်


ဒီဇင်ဘာလ ၅ ရက်၊ ၂၀၁၀ခုနှစ်။


  ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ ကူမင်းမြို့သို့ ဆက်သွယ် ဖောက်လုပ်မည့် ကျောက်ဖြူ-ကူမင်း မီးရထားလမ်းကို ၂ဝ၁၅ တွင် အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ မီးရထားလမ်းများကိုပါ ဆက်သွယ်မည့်အပြင် ၉၅ မိုင် ရှည်လျားသည့်မင်းဘူး-အမ်းမှ ကျောက်ဖြူသို့ ထပ်မံဖောက်လုပ်မည့် လမ်းကြောင်းသစ်မှတစ်ဆင့် မင်းဘူး-မကွေး-မန္တလေး-လားရှိုးနှင့် မူဆယ်အထိ ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ မူဆယ်မှ ကျယ်ခေါင်သို့ နယ်စပ် ဖြတ်ကျော် မီးရထားလမ်းကြောင်း စီမံကိန်းလုပ်ငန်းမှာ ဖော်ဆောင်နေပြီဖြစ် ရာ ၄င်းစီမံကိန်းပြီးဆုံးသွားပါက ရှမ်းပြည်နယ်နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ်သို့ ကုန်းလမ်းမှ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသာမက မြန်မာ့ စီးပွားရေးနှင့် ကုန်သွယ်မှုအတွက် ဗဟိုချက် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။ ထို့နောက် ကျောက်ဖြူမြို့မှာ ကုန်ပစ္စည်းသယ်ပို့မှု၊ ဂိုဒေါင်ထားရှိမှု နှင့် တန်ဖိုးမြင့် ထုတ်လုပ်မှုကို တစ်ပါတည်း ဆောင်ရွက်လာနိုင်မည့် ဗဟို အခြေခံစခန်းအဖြစ် ထားမည်ဖြစ်ကြောင်းသိရသည်။

Ref: ဈေးကွက်ဂျာနယ်

0 မှတ်ချက်ပေးရန်:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More