skip to main
|
skip to sidebar
Home
ရခိုင်ရိုးမဘလော စာမျက်နှာ ပြုပြင်ဆဲ ဖြိုက်ပါရေ
မူလစာမျက်နှာ
သတင်း
»
ပြည်တွင်းသတင်း
ပြည်ပသတင်း
ဓါတ်ပုံသတင်း
ဆောင်းပါး
»
ရသ ဆောင်းပါး
ခရီးသွား ဆောင်းပါ
သတင်း ဆောင်းပါး
»
သုတေသန ဆောင်းပါး
ရုပ်သံ သတင်း
»
ရုပ်/သံ ဆောင်းပါး
ယိုဉ်ကျေးမှုးအက
သမိုင်းအမွှီအနှစ်
ရခိုင်သံစိုင် တရားတော်တိ
အိန်တာဗျူး
စာပီကဏ္ဍ
»
ဝတ္ထု
သမိုင်းစာပီ
ထုပ်ပြန်ကြေငြာချက်
ရခိုင့်နိုင်ငံရီး
နိုင်ငံရီးဖြစ်စိုင်
Featured Video
khineroma.i@gmail.com
Saturday, December 11, 2010
စစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင် အထူးစီးပွားရေးဇုန် တည်ဆောက်သွားမည်
7:00 AM
ခိုင်ရိုးမ
No comments
ဒီဇင်ဘာလ ၁ ရက်။
ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင် အထူးစီးပွားရေးဇုန်များ တည်ထောင်သွားရန်ရှိကြောင်း ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သောင်းအေးက မကြာသေးမီက စစ်တွေမြို့တွင် ကျင်းပခဲ့သော ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
ယင်းသို့တည်ဆောက်ရာတွင် ကျွမ်းကျင်လုပ်သားများ လိုအပ်ချက်အတွက် ကြိုတင်ပြင်ဆင်ထားမှု များမှာလည်း အရေးပါလှကြောင်း သိရှိရပါသည်။
စက်မှုဇုန် တည်ဆောက်ရာ တွင် ပြည်ပနိုင်ငံများမှကုမ္ပဏီများ လာရောက်မြှုပ်နှံကြမည်ဖြစ်ကြောင်း၊ ယင်းသို့ မြှုပ်နှံကြရာတွင်လည်း အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ စင်ကာပူ နိုင်ငံများမှ လာရောက် ရင်းနှီးမြှုပ်နှံရန် အလားအလာများရှိကြောင်းနှင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ခြေရှိကြောင်းလည်း သိရသည်။ ယင်းဇုန်များ တွင် ပို့ကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ ဇုန်အလိုက်ဆက်နွှယ်နေသည့် လုပ်ငန်းများနှင့်သတင်း အချက်အလက်နှင့် တယ်လီကွန် ဆက်သွယ်ရေးနည်းပညာလုပ်ငန်းများ ပါဝင်နိုင်ကြောင်းလည်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ်ကြသည်။
" ဒေပိုင် အထူးစီးပွားရေးဇုန်တိွ ရခိုင်ပြည်နယ်မှာ တည်ဆောက်လာရေ့အတွက် ရခိုင်ဒေသကလူငယ်တွေ ပြည်ပကိုသွားပြီးအလုပ်လုပ်ဖို့ မလိုပါဗျာယ်။ အလုပ်အကိုင် အခွင့်အလမ်းတိလည်း ရရှိလာကတ်ဖို့ပါ။
ယေဒါလဲစီးပွားရေးဇုန် ထူထောင် ရေ အခါ လိုအပ်တေကျွမ်းကျင်လုပ်သားတိစွာသာမန်လုပ်သားတိထက် ပိုအရေးကြီးပါရေ်။ ကိုယ့်ဒေသမှာ ကျွမ်းကျင် လုပ်သားမရှိကေ် နိုင်ငံခြားက ကျွမ်းကျင်လုပ်သားတိ ၀င်ရောက်လာနိုင်ရေ။ ဒေပိုင်ပြည်ပက ကျွမ်းကျင်လုပ်သားတိ ၀င်ရောက်လာကေ ကိုယ်တို့အတွက်၊ ကိုယ့်ဒေသအတွက် ဆုံးရှုံးမှုတိရှိနိုင်ပါရေ။ ယင်းကြောင်းပြင်ဆင်ထားဖို့ လိုအပ်ပါရေ။ ကြိုတင်ပြင်ဆင်ထားနိုင်မှ ဒေသအတွက်ရော နိုင်ငံအတွက် ပါ ပိုမိုအကျိုးရှိဖိုပါ"ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါသည်။
အထူးစီးပွားရေးဇုန်များ လျင်မြန်စွာ အကောင်အထည်ဖော်ရေးနှင့် အောင်မြင်ရေးသည် ယင်းဇုန်များ ထူထောင်ရာတွင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအပေါ်တွင် များစွာ မူတည်ကြောင်း၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင်လည်း အိမ်နီးချင်း နိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံမှု နှင့်ပင် ကျေနပ်တင်းတိမ်နေ၍မဖြစ်ဘဲ စီးပွားရေးအင်အားကြီး နိုင်ငံများကပင် လာရောက်ရင်းနှီး မြှုပ်နှံနိုင်သော အခြေအနေများကိုလည်း ဖန်တီးပေးသင့်ကြောင်း အဆိုပါပုဂ္ဂိုလ်ကသူ့အမြင်ကို ပြောကြားခဲ့ပါသည်။
Photo (KHINEROMA)
စစ်တွေစက်မှုဇုန်တည်ဆောက်မည့်နေရာကို တွေ့ရစဉ်
ရခိုင်ပြည်နယ်အတွင်းတွင် ထိုသို့စီးပွားရေးဇုန်များ ယခင်ကမရှိခဲ့သဖြင့် ယခုပထမဦးဆုံး တည်ဆောက်မည်ဖြစ်သော်လည်း ယင်းဇုန်များသည် နိုင်ငံအတွက်သာက ပြည်နယ်အတွက်လည်း များစွာ အကျိုးရှိလာမည် ဖြစ်သည့်အတွက် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များကလည်း မျှော်လင့်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဋ္ဌာန်းသည့်အချိန်မှစ၍ ၂၀၀၇ ခုနှစ် ဧပြီလကုန်အထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၅၈ ဒသမ ၅၅၉ သန်းရှိခဲ့ကြောင်းလည်း သိရှိရပါသည်။ ယင်းအပြင် အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံသူများကို အခွန်ကင်းလွတ် ခွင့်ပြုမည်ဖြစ်ရာ ထုတ်လုပ်မှုကဏ္ဍတွင် ပထမငါးနှစ်အတွက် ၀င်ငွေခွန် ကင်းလွတ်ခွင့်ပေးမည်ဖြစ်ပြီး အဆင့်မြင့် နည်းပညာကဏ္ဍတွင် ပထမ ရှစ်နှစ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်သစ်တောထွက် ကဏ္ဍတွင် ပထမ နှစ်နှစ်၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှု တို့အတွက် ပထမနှစ် စသည်ဖြင့် သတ်မှတ်ထားလေ့ရှိကြောင်းလည်း သိရှိရပါသည်။
အလားတူ ကျောက်ဖြူမြို့တွင် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းတစ်ခုကိုလည်း တည်ဆောက်မည်ဖြစ်ရာ အဆိုပါစက်မှုဇုန်အတွက် များစွာအရေးပါပြီး အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း၊ ကျောက်ဖြူသည် ပင်လယ်ကမ်းခြေတွင် တည်ရှိသောမြို့ဖြစ်သည့်အပြင် ရေနက်ဆိပ်ကမ်းတည်ရှိရာမြို့တစ်ခု ဖြစ်သည့်အတွက် ပင်လယ်ကူးသင်္ဘော ကြီးများလည်း အလွယ်တကူ ၀င်ထွက်သွားလာနိုင်မည် ဖြစ်ရာ စီးပွားရေးဇုန်အတွက် လေကြောင်း အပါအ၀င် ရေကြောင်းမှသယ်ယူ တင်ပို့နိုင်မှုလည်း အားကောင်းလာမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ထို့ကြောင့် ကျောက်ဖြူမြို့သည် စစ်တွေမြို့နှင့်အတူ စည်ပင် ဖွံ့ဖြိုးလာမည်ကိုမျှော်လင့်လျက် ရှိကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။ လက်ရှိ အနေအထားတွင် ကျောက်ဖြူ၌ F 27 လေယာဉ်များသာ ဆင်းသက်နိုင်သော လေယာဉ်ကွင်းရှိသော်လည်း မကြာမီ လေယာဉ်ကွင်းကြီး တစ်ခုဖြစ်လာခဲ့မည် ဆိုပါက ကျောက်ဖြူမြို့အနေအထား သည် များစွာတိုးတက်ပြောင်းလဲ သွားနိုင်ခြေရှိကြောင်းလည်း သုံးသပ်ပြောဆိုကြပါသည်။
Ref://www.news-eleven.com/
Posted in:
Newer Post
Older Post
Home
0 မှတ်ချက်ပေးရန်:
Post a Comment
....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....
Subscribe to our RSS Feed
Follow Us on Twitter
Be Our Fan on Facebook
Popular
Tags
Blog Archives
Popular Posts
သဲချောင်းမှာ ဗုံးပေါက်ကွဲ လူ ၇ ယောက်သီ
ရခိုင်ရိုးမ။ စစ်တွေ မြို့ နန့် ၇မိုင်အကွာရှိသဲချောင်း မှာညက ဗုံးတလုံးပေါက်ကွဲခရေအတွက် လူ၇ဦးသီဆုံးလားေ...
ရခိုင်/မြန်မာပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း အောက်မိဖွယ် အခမ်းအနား စစ်တွေမှာကျင်းပဖို့ရှိ
ခိုင်ရိုးမဘလောက်။ ။ August 13, 2011 ရွှီမြောက်ဥူး-ခိုင်ကျော်ဆန်း စစ်တွေ။ ။ ၂၁ နှစ...
ARAKAN နာမေကို တရားမ၀င်လွဲမှားစွာ သုံးစွဲနီခြင်းနန့်  ပတ်သတ်ပြီး ရခိုင်တမျိုးသားလုံး အားအရေးပေါ် အသိပီးတင်ပြခြင်း အခမ်းအနား
ARAKAN ဟူသောဝေါဟာရကို လူမျိုးဘာသာခြားတစုက တရားမ၀င် လွဲမှားစွာ သုံးစွဲနိန်ခြင်းနန့် ပတ်သတ်ပြီး ရခိုင်တ...
ရခိုင်ကမ်းလွန် ဓာတ်ငွေ့ကိစ္စ လွှတ်တော်မှာတင်ပြ
ရခိုင်ရိုးမ နေပြည်တော်။ ။ရခိုင်ကမ်းလွန်က ထွက်ရှိရေ သဘာဝဓာတ်ငွေ့ကိစ္စနန့် ပတ်သက်လို့ အဆိုတရပ်ကို...
စစ်ကျွန်စနစ်ကို တိုင်းရင်းသားများနှင့် လက်တွဲ တိုက်ပွဲ ၀င်သွားမည်ဟုဆို
ဇန်န၀ါရီ လ ၂ ရက်၊ ၂၀၁၁ ခုနှစ်။ နယူးဒေလီ( ခိုင်ရိုးမ) ။ ။ စစ်ကျွန်သက်ဆိုးရှည်အောင်ဖန်တီးထားသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို တိုင်း...
မလေးသျှား ရခိုင်ဒုက္ခသည် ရုံးပေါင်းစီးရေး ယာယီညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီး
မလေးသျှားနိုင်ငံရောက် ရခိုင်ဒုက္ခသည်ယုံးပေါင်းစီးရေး အတွက် ယာယီညီလာခံတစ်ရပ် ကို စတင်ဘာ ၄ ရက်နိ နခင်းဖက် ၁၂နာရီခွဲက နိန်ဗျာလ် ညစာသား ၆နာရီအထ...
ရေလုပ်သားမျာ အလုပ်လက်မဲ့ရှိနေဆဲ
ဒေမှာက ရီလုပ်ငန်းကို လုပ်ရေလူတိကများပါရေ။ ပင်လယ်ပြင်ကိုငါးဖမ်းလားရေလူတိလဲ ရှိရေ ပိုင် ပုစွန်တာ။ လုပ်ငန်းတိလဲ ရှိပါရေ။ ဒေဂုငါးဖမ်းချိန်မှာ...
ရခိုင်ဒေသသို့ ခရီးသွားဧည့်သည့်လာရောက်မှု နည်းပါး
၂၀၁၀ ခုနှစ်မှာ နိုင်ငံခြားသားဝင်ရောက်လည်ပတ်မှု နည်းပါရေ။ နှစ်တိုင်းပုံမှန်ဝင်ရေ အခြေနေ မှာ မရှိပါ။ ဒေနှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြား...
ဘင်္ဂလာတောင်တန်းဒေသရှိ ဒေသခံဗုဒ္ဓဘာသာဝင်များနှင့် ဘင်္ဂလီများခိုက်ရန်ဖြစ်ပွား
မှတ်ချက်။ ။ဒေသတင်းကို ပို့ပီးရေသူ၏ E-mail ထဲကအတိုင်းဖော်ပြလိုက်ပါရေ.... ယနေ့ ရခိုင်သက္ကရာဇ် ၁၃၇၃ ခုနှစ်ဆန်းတရက် ဘင်္ဂလာ တနိုင်ငံလုံး ရခိုင်သ...
ရထားလမ်းသစ်ရွေးချယ်မှု အဆင်မပြေ
“ဒေလမ်းကို မဖောက်ခင်က မြောက်ဦးမှာတာဝန်ကျခရေ ဦးစောလွင်နန့် မြန်မာ့မီးရထားဌာနက အရာဟိတိပါ။နောက်ရထားလမ်းကိုကန်ထရိုက်ယူဖို့ပုဂ္ဂလိက ကုမ္ပဏီတိန...
ယခင်ပို့စ်အဟောင်းများ
►
2011
(13)
►
October
(2)
►
September
(3)
►
August
(1)
►
April
(5)
►
January
(2)
▼
2010
(31)
▼
December
(10)
NUPA ဥက္ကဌ စစ်တွေ စရဖတွင် အစစ်ခံနေရဆဲ
ရခိုင်သင်ရိုးကို အစိုးရသစ်တရပ်တွင်ပြသွားမည်
စီမံကိန်းကြောင်း ပြည်သူပိုင်မြေများဆုံးရှူံး
ကျောက်ဖြူရေနက်ဆိပ်ကမ်းကြောင့် ဒေသခံပိုင် ဆိုင်ခန်း...
ရခိုင်လူထုအပေါ် အနိုင်ကျစိုးမိုးနေသည့် တပ်မတော်ကြော...
စစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင် အထူးစီးပွားရေးဇ...
ကျောက်ဖြူ-ကူမင်းမီးရထားလမ်း ၂ဝ၁၅ တွင် အပြီးဆောက်မည်
စစ်တွေမှ ရေတပ်သား ၄ ဦးထွက်ပြေး
ရခိုင်ပြည်နယ်နေ့ကို စည်စည်ကားကားဖြစ်ရန် ရခိုင်လူထု...
နိုင်ငံတကာ အထောက်အပံ့ဖြင့် ရခိုင်တွင် ပန်းချီပြခန်...
►
November
(21)
Betson
mt4
euro palace casino
Website counter
Casinos
0 မှတ်ချက်ပေးရန်:
Post a Comment