Featured Video

khineroma.i@gmail.com

Sunday, January 02, 2011

စစ်ကျွန်စနစ်ကို တိုင်းရင်းသားများနှင့် လက်တွဲ တိုက်ပွဲ ၀င်သွားမည်ဟုဆို

ဇန်န၀ါရီ လ ၂ ရက်၊ ၂၀၁၁ ခုနှစ်။

နယူးဒေလီ( ခိုင်ရိုးမ) ။      ။ စစ်ကျွန်သက်ဆိုးရှည်အောင်ဖန်တီးထားသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို တိုင်းရင်းသားဘ၀တူများအားလုံးပူးပေါင်း ကာတိုက်ပွဲဝင်သွားမည် ဟု ဒီဇင်ဘာလ ၃၁ ရက်နေ့က  မလေးရှားနိုင်ငံ ကွာလာလမ်ပူ (Chinese Assembly Hall) တွင် ပြုလုပ်သည့်ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ အခမ်းအနားတွင် တက်ရောက်သည့် တိုင်းရင်းသားကိုယ်စားလှယ်များက ပြောဆိုခဲ့သည်။

၂၂၆ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ် အခြာ အာဏာ ကျဆုံးသည့် နေ့ အောက်မေ့ဖွယ် အခမ်းအနားတွင်တက် ရောက် လာကြသည့် တိုင်းရင်းသားကိုယ်စားလှယ်များက  ညီညွတ်ပြီး တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။
“ကျနော်တို့ကရန်သူကိုအမြစ်ပြတ်ချေမှုန်းနိုင်ရေး
အတွက်တိုင်းရင်းသားတွေညီညွတ်ပြီး ဆက်လက်တိုက်ပွဲဝင်သွားရမှာဘဲ”ဟုကရင် ဒုက္ခသည်အဖွဲ့မှဥက္ကဌ ဦးမင်းစိန်သန်း က ပြောသည်။

သူကဆက်လက်ပြီး  ကိုယ့်ကံကြမ္မာကို ဖန်တီးရေးအတွက် မအောင်မြင်သေးသည့် ပန်းတိုင် သို့ချီတက် သွားကြရန် တိုက်တွန်းခဲ့သည်။

ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာ  အာဏာ ကျဆုံးသည့် နေ့ အခမ်းအနားကို မလေးရှား နိုင်ငံ ရှိ
 ရခိုင်ပြည် အမျိုးသားလွတ်မြောက်ရေးပါတီ( ALP)( မလေးရှားဌာနခွဲ)   ရခိုင်ဒီမိုကရေစီ အဖွဲ့(ALD) ( မလေးရှား) (ARRC ANC's လက်အောက်ခံ မလေးရှား) ၊ ARRC (ပူချုန်း မလေးရှား)၊ AARC (ရခိုင်းက္ခသည်များ မဟာမိတ်ရုံး ပူဒူး မလေးရှား)နှင့် RPLC စသည့် အဖွဲအစည်းများက စုပေါင်းကျင်းပ ခြင်း ဖြစ်သည်။




အခမ်းအနားသို့တက်ရောက်သည့်ရခိုင်အမျိုးသား တဦက လည်းရခိုင်းသမိုင်း၏အနှစ်သာရ ကို သိရ သဖြင့် ကျေနပ်ကြောင်း ပြောသည်။
“ကျောင်းမှာသင်လာတာတွေက ဗမာ သမိုင်းတွေဘဲ သင်လာရတာဆိုတော့ ကိုယ့် သမိုင်းရဲ့ အနှစ်သာရ ကို မသိဘူး။ ဒီအခမ်းအနားကို ရောက်မှ ရခိုင်သမိုင်းကို သိလာရတယ်” ဟု ခိုင်ရိုးမ ကို ပြောသည်။

 အခမ်းအနားသို့  ကရင်၊ ကချင်၊ မွန် ရှမ်း  ချင်းစသည့် တိုင်းရင်းသားကိုယ်စားလှယ် များတက်ရောက်ခဲ့ရာ လက်ရှိ ရခိုင်နိုင်ငံရေးအခင်းအကျင်း နှင့်ပတ်သက်၍ ရခိုင်အမျိုးသား များစည်းရုံးကြရန်   နှင့် ရန်သူသွေးခွဲသော်လည်း မကွဲကြရန် အတွက် တက်ရောက်လာသည့် တိုင်းရင်းသားများက ပြောဆိုခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ရခိုင်ခေါင်းဆောင်များကလည်း မိမိကံကြမ္မာကို ဖန်တီးနိုင်ရေး အတွက် သမိုင်ပေးတာဝန်ကို  လျှစ်လျှရှု မထားဘဲ စည်းလုံးညီညွတ်ခြင်းကို ဖောင်ဆောင်ကာ  ဆက်လက်တိုက်ပွဲဝင်ကြ၇န်  ပြောဆိုခဲ့ကြသည်။

ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံသည့် အခမ်းအနားကို  ထိုင်းမြန်မာ နယ်စပ်တွင် ထိုင်းနိုင်ငံရှိ ရခိုင်အဖွဲ့အစည်းများပူးပေါင်းပြီးရခိုင့်အချုပ်အခြာအာဏာ ကျဆုံးခြင်းအထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့သလိုဂျပန်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအိန္ဒိယ မြန်မာ နယ်စပ်တွင်လည်းပြုလုပ်သည့် အခမ်း အနားကို ရခိုင်နိုင်ငံရေးပါတီများ။ ဒေသခံ များ  ၊ ။ရခိုင်မျိုးနွယ်စုများ က ပြုလုပ်ခဲ့သည်။

ရခိုင် လူမျိုးတိုသည် ကိုယ်ထီးကိုယ့်နန်း နှင့်နေထိုင်လာသည့် လူမျိုးတမျိုး ဖြစ်ရာ   အေဒီ ၁၇၈၄- ဒီဇင်ဘာလ ၃၁ ရက်၊  ရခိုင်သက္ကရာဇ် ၁၁၄၆ -  ခု နှစ် ပြာသိုလ် လပြည့်ကျော် ၇ ရက်နေ့ တွင် ဗမာ ဘုရင် ဘိုးတော်မောင်းဝိုင်းက စစ်မကြေညာဘဲ ကျုးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့မှု ကြောင်း  ရခိုင်ဘုရင့် နိုင်ငံတော် ကျဆုံးခဲ့သည်ဟု  ရမ်းဗြဲတောင်ကျောင်းဆရာတော်ရေးသားခဲ့သည့် ရခိုင်ရာဇ၀င် သစ်ကျမ်း အရ သိရသည်။

ထိုနေ့ကို ရခိုင် ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ သတ်မှတ်ကာ ရခိုင်လူထု က အောက်မေ့ဖွယ် အခမ်းအနား အဖြစ် ကျင့်ပလေ့ရှိသည်။

0 မှတ်ချက်ပေးရန်:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More