၂၀၁၀ ခုနှစ်မှာ နိုင်ငံခြားသားဝင်ရောက်လည်ပတ်မှု နည်းပါရေ။ နှစ်တိုင်းပုံမှန်ဝင်ရေ အခြေနေ မှာ မရှိပါ။
ဒေနှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြားသားအာဂန္တု တိရောက်စွာ ၃သိန်း ၄သိန်းကျော် ၀င်ရောက်ကေလဲ ရခိုင်
ကိုကျရေခါ နှစ်ထောင်သုံးထောင်လောက်ယာရောက်တေ။ အရင် နှစ်တိထက် ကျဆင်းလားရေ
ခိုင်မောင်
ဒီဇင်ဘာလ ၁ ရက် ဗုဒ္ဓဟူးနေ့ ၊ ၂၀၁၀ ခုနှစ်။ မြန်မာစံတော်ချိန် ၉း ၁၅ မိနစ်။
စစ်တွေ( ခိုင်ရိုးမ) ။ ။ရခိုင်ဒေသသို့ နိုင်ငံခြားသားဧည့်သည့်ဝင်ရောက် လည်ပတ်မှု မှာ ယခင်နှစ်ထက် နည်းပါးသွားကြောင်း
ခရီးသွားလုပ်ငန်းတခုမှ သိရသည်။
“၂၀၁၀ ခုနှစ်မှာ နိုင်ငံခြားသားဝင်ရောက်လည်ပတ်မှု နည်းပါရေ။ နှစ်တိုင်းပုံမှန်ဝင်ရေ အခြေနေ မှာ မရှိပါ။
ဒေနှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြားသားအာဂန္တု တိရောက်စွာ ၃သိန်း ၄သိန်းကျော် ၀င်ရောက်ကေလဲ ရခိုင်
ကိုကျရေခါ နှစ်ထောင်သုံးထောင်လောက်ယာရောက်တေ။ အရင် နှစ်တိထက် ကျဆင်းလားရေ ” ဟု ရခိုင်ပြည်နယ် ခရီးသွားလုပ်ငန်းရှင် တဦးကပြောသည်။
ရခိုင်ဒေသတွင် ရှေးဟောင်းအမွေ အနှစ်များရှိသဖြင့် နိုင်ငံခြား ဧည်သည်များ နှစ်စဉ် ၀င်ရောက်လှယခုနှစ်င်အရောက်နည်းပါးခြင်း မြန်မာနိုင်ငံရွေးကောက်ပွဲနှင့် ပတ်သက် ၍ စိုးရိမ်မှု များ ရှိသဖြင့် အရောက် နည်းပါးခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ ရခိုင်ဒေသသို့ နိုင်ငံ ခြား သားများဝင်ရောက် ရှိမှု နည်းပါးသွားသဖြင့် ယင်းနှင့်ဆက်သွယ်သည့် ခရီးသွား လုပ်ငန်းများထိခိုက်သွားကြောင်း သူက ပြောသည်။
“ခရီးသွားလုပ်ငန်းက အားလုံးထိခိုက်ရေ။ ဒေါ်လာ ဈီးကျစွာက တကြောင်း နောက် ခရီးသွားအာဂန္တုတိ အတွက် ရင်းနှီးမြုပ်နှံမှု နန့် လုပ်ထားရေ မော်တော်စက်လှေ တိ၊ကားတိလဲ အလုပ်မဖြစ်ရေခါ ၊အရင်းရှူံးရေ။ ဟု ခရီးသွားလုပ်ငန်းရှင်က ဆိုသည်။
ရခိုင်ပြည်နယ်တွင် ခရီးသွားလုပ်ငန်းကို၁၉၉၅ ခုနှစ်က စ၍ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု များ စတင်ခဲ့သည်။
နိုင်ငံခြားသားဧည့်သည်အများစုသည် မြောက်ဦး အပါ အ၀င် သံတွဲ စသည့်ေးသများသို့ လာရောက်ပတ်မှု များ ရှိခဲ့ရာ ၂၀၁၀ နှစ်ဆန်းပိုင်းမှ စ၍ ယခု လ အထိ လာရောက်လည်ပတ်မှုနည်းပါးနေသည်။
0 မှတ်ချက်ပေးရန်:
Post a Comment