Featured Video

khineroma.i@gmail.com

Sunday, November 14, 2010

အင်တာနက်မရှိသဖြင့် လုပ်ငန်းထိခိုက်


“ကျနော်တို့လဲ အင်တာနက်လိုင်းပြတ်တဲ့ကိစ္စကိုပြောဖို့ခတ်တယ်။ တချို့ကတော့ ထင်ကြေး အမျိုး မျိုးပေးနေကြတယ်။ ကျနော်တို့လဲ ဆာဗာကိုဖုန်းဆက်ကြည့်တယ်။ သူတို့လဲ အကြောင်းမပြန် သေးဘူး “  


ခိုင်ရိုးမ 

နိုင်ဝင်ဘာလ ၃ ရက် ဗုဒ္ဒဟူးနေ့ ၂၀၁၀ ခုနှစ်။ 

နယူးဒေလီ (ခိုင်ရိုးမ)။ ။ စစ်တွေမြို့တွင် အင်တာနက်ဖြင့် အသုံးပြုစီးပွားရေးလုပ်ကိုင်နေ ကြသည့်စီးပွားရေးလုပ်ငန်းရှင်များ သည် အင်တာနက်ပြတ်တောက်နေသဖြင့် အလုပ် မဖြစ် တော့ကြောင်းသိရ သည်။ 

“စစ်တွေမှာ အင်တာနက် ပြတ်တောက်တာ နှစ်ပါတ်ရှိပြီ။ နောက်တလ လောက်ပိတ်မယ်လို့ ကြားတယ်။ အင်တာနက် မရှိတော့ အင်တာနက်ဖုန်းခေါ်လုပ်ငန်းတွေ နောက် အင်တာနက်နဲ့ချိပ် ဆက်ပြီးငွေလွှဲလုပ်ငန်းတွေ က ရပ်သွားပြီလေ။ အဓိ က အင်တာနက် ကို အသုံးပြုနေကြ တာ“ ဟု အင်တာနက် ဖြင့်အသုံးပြုနေသည့် စီးပွားရေးလုပ်ငန်း ရှင်တဦးက ပြောသည်။ 


စစ်တွေမြို့တွင် ဂီရိမုန်တိုင်းတိုက်ခတ်သည့်နောက်ပိုင်းအင်တာနက်ဆိုင်များ ပြတ်တောက် ခဲ့ သည်။ “ကျနော်တို့လဲ အင်တာနက်ပြတ်တဲ့ကိစ္စကိုပြောဖို့ခတ်တယ်။ တချို့ကတော့ ထင်ကြေး အမျိုး မျိုးပေးနေကြတယ်။ ကျနော်တို့လဲ ဆာဗာကိုဖုန်းဆက်ကြည့်တယ်။ သူတို့လဲ အကြောင်းမပြန် သေးဘူး “ ဟုအင်တာနက်ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

အင်တာနက် ကိုသုံးစွဲနေကြ သည့်ကျောင်းသားလူငယ် များကမူ အင်တာနက် ပြတ်တောက် သဖြင့် သူငယ်ချင်းများနှင့် အဆက်အသွယ်လုပ်ရန် ခက်ခဲသွားကြောင်းသိရသည်။ အများစုကမူ ရွေးကောက်ပွဲ အတွင်းရခိုင်ပြည်နယ်မှ သတင်းကိုထိန်းချုပ်နိုင်းရန်အတွက် ယခုလိုပိတ်လိုက် ခြင်း ဖြစ်ကြောင်းပြောဆိုနေကြသည်။

ရခိုင်ပြည်နယ်တွင် အင်တာနက်သုံးစွဲမှာသိသိသာသာတိုးလာသလို အင်တာနက်ဆိုင်များလဲ တဆယ်ဝန်းကျင်ခန့် ရှိနေကြောင်းသိရသည်။နေ့စဉ် ဦးရေ၁၀၀၀န်းကျင်ခန့်သုံးစွဲ ကြောင်း သိရ သည်။ 

အင်တာနက် လိုင်းနှေးကွေးမှု သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပေါ်နေရာ စစ်ကိုင်းတိုင်းကလေးမြို့တွင်တွင်းလဲ အင်တာနက် လိုင်းနှေးကွေးနေကြောင်းသိရသည်။

0 မှတ်ချက်ပေးရန်:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More