ဒီဇင်ဘာလ ၁၇ ရက် ၊ သောကြာနေ့။
ကိုလတ်( ပန်းဇင်မော်)
ခိုင်ရိုးမ(ကျောက်ဖြူ)။ ။ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု စီမံကိန်းများကြောင်း ပြည်သူပိုင်လယ်ယာခြံမြေများ ကို ဒေသခံအာဏာပိုင်များက ပြည်ပနိုင်ငံမှ လုပ်ငန်းရှင်များကို ရောင်းချနေကြောင်း သိရသည်။
နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု ဖြင့် ကျောက်ဖြူမြို့ တွင် အထူးစက်မှုဇုန်များတည်ဆောက်ရန် အတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များက မြေကွက်များကို ဒေသခံပအာဏာပိုင်ထံမျှ ဝေယူနေကြခြင်း ဖြစ်သည်။
" ပြည်သူပိုင်လယ်ယာမြေတိကို အစိုးရက နိန်ပြီင်္းကေ လယ်ယာမဟုတ်တေ မြေဆိုပြီးကေ သက်မှတ်ပနာ င်္စီးပွားရေးလုပ်ငန်း ရှင်တိကို ရောင်းချနီရေ၊ နောက်ဆိုကေ ပြည်သူတိမှာ လုပ်ကိုင်စားသောက်ဖို့ မြီရှိဖို့ မဟုတ်ယာ ဒေအတိုင်းဆိုကေ " ဟုကျောက်ဖြူမြို့ သန်ပန်ချောင်း ရပ်ကွက်မှ ဒေသခံတဦး ကပြောသည်။
ကျောက်ဖြူမြို့နယ်ရှိဒေသခံတချို့မှာ လယ်တဧကအတွက်ကို လယ်ယာပိုင်ဆိုင်ခွင့် မရ ရှိသလို သီးစား အဖြစ်သာ လုပ်ကိုင်နေကြသူများလည်းရှိသည်။ ဒေသခံအာဏာပိုင်များကမူ အဆိုပါ လယ်ကွက်များကို ရောင်းချနေခြင်းဖြစ်သည်
ပြည်ပလုပ်ငန်းများ၏ မြေကွက်ဝယ်ယူမှုကို ရောင်းချ ကြသည့် ပြည်သူများရှိသလို မရောင်းလိုသူများ လည်းရှိကြောင်းကို သန်ပန်ချောင်း ဒေသခံက " သူရို့က တောင်းရေဈီးနှုန်းနန့်ပီးရေ ၊ ယကေ တချို့ကလဲရောင်း ကတ်တေ ၊ တချို့ကလဲ မရောင်းကတ်ပါ၊ ယင်းပိုင်နန့်ကျောက်ဖြူမြို့စွာ နောက်၅ နှစ်လောက်မှာဆိုကေ ရှိဖိုမဟုတ်ယာ ၊ အခုတောင် မြေလွတ်တိမှာ တရုတ်လူမျိုးတိဂိုဒေါင်ဆောက်နီကတ်ယာ" ဟုဆိုသည်။
မြန်မာ နအဖနှင့် တရုတ်အစိုးရတို့သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေများကို တရုတ်ပြည်သို့သယ်ယူရန် စီမံကိန်းများကို ဆောက်လုပ်နေသည့် အတွက် ဒေသခံပြည်သူများ အနေဖြင့် လူ့အခွင့်အရေးချိုးဖေါက်ခံရမှုများဖြင့် ကြုံတွေလာရခြင်းဖြစ်ကြောင်း ဒေသခံပြည်သူများ၊ လေ့လာစောင့်ကြည့်သူများက ထောက်ပြပြောဆိုနေကြသည်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင်ရှိသည့် နိုင်ငံတကာရေ နက်ဆိက်ကမ်းကို ၂၀၁၀ နှစ်ဆန်းပိုင်းတွင် စတင်အကောင်အထည် ဖော်ဆောင်ခဲ့ရာ ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ၄င်း ဆိပ်ကမ်းမှ အ ရှေ့အလယ်ပိုင်းနိုင်ငံများသို့ပိုက်လိုင်းသွယ်တန်း မည်ဖြစ်သည်။
0 မှတ်ချက်ပေးရန်:
Post a Comment