ဒီဇင်ဘာလ ၁၇ ရက် ၊ သောကြာနေ့။
ကိုလတ်( ပန်းဇင်မော်)
ခိုင်ရိုးမ(ကျောက်ဖြူ)။ ။ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် အနောက်ဘက် ၇ မိုင်အကွာ ရှိသည့် မဒေးကျွန်းတွင် နိုင်ငံတကာေ၇နံတင်ဆိပ်ကမ်း ဆောက်လုပ်လျှက်ရှိရာတွင် ဆိပ်ကမ်းနယ်မြေအတွင်း မလွတ်ကင်းသည့် ဆိုင်ခံ ၄၀ ကို လျှော့ဈေးပေးပြီး ယခုလ ၃ ရက်နေ့က အဓမ္မပြောင်းခိုင်းလိုကသည့် အတွက်ကြောင့် ပြည်သူများ အခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း ဒေသခံများအဆိုအရ သိရသည်။
ကျောက်ဖြူမြို့ အမှတ် (၁) ဆိပ်ကမ်းကို တိုးချဲ့ရာတွင် တခန်းကို ကျပ် ၈သိန်း တန်ဖိုးရှိသည့် သန်ပန်ချောင်းရပ်ကွက်မှ ဆိုင်ခန်း ၄၀ ကိုပြောင်းရွေ့ခိုင်းခြင်းဖြစ်ပြီး ယင်းပြောင်းရွေ့ခိုင်းမှု အတွက် ဒေ၀ူး ကုပ္မဏီက လျှော်ကြေးငွေ အဖြစ် ကျပ် ၅ သောင်းစီ ထုတ်ပေးခဲ့တယ်လို့ ကျောက်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်မှ အမည်မဖေါ်လိုသည့် ဒေသခံတဦးက ပြောသည်။
“တရုတ်၊ ကိုး၇ီးယားလူမျိုးနဲ့ဒေသခံ ခယကအာဏာပိုင်တိက ရွှေ့ခိုင်းတာပါ ၊ တခြားနေရာကို ရွှေ့ပြောင်းဖို့အတွက် အတင်းအကျပ် ရွှေ့ပြောင်းခိုင်းပါတယ် ၊လျော်ကြေးက ၅သောင်းဘဲရပါတယ်။ ၊ မြေကွက်တွေပေးတာတွေတော့ရှိတယ်၊ ဖျက်စီးခံရလိုက်ရတာတွေက ဈေး ဆိုင်တွေပါ” ဟု အလယ်ပိုင်းရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။
လွန်ခဲ့သည့် ၁၀စုနှစ်ခန့်က ဆိုင်ခန်းများတည်ဆောက်စဉ် မြို့နယ်စည်ပင်မှ ၀ယ်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရောက်အ၀ယ် ပုံမှန်ဖြစ်နေချိန်တွင် ယခုလို ဆိုင်းခန်းများကိုပြောင်းရွေ့ခိုင်းသည့် အတွက် ဒေသခံပြည်သူတွေအနေဖြင့် စီးပွါးရေး အကြပ်အတည်းဖြင့် ရင်ဆိုင်နေရကြောင်း ယင်းဒေသခံတဦးက ပြောသည်။
ယခု ဆိပ်ကမ်းတိုးချဲ့ ဆောက်လုပ်ခြင်းမှာ မဒေးကျွန်းမှာ ရှိသည့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရန်လိုအပ်သည့် စက်ကိရိယာနှင့် ပစ္စည်းများ သယ်ပို့နိုင်ရန် ကျောက်ဖြူမြို့ အမှတ် (၁) ဆိပ်ကမ်းကို ယခုလမှ စပြီး အသစ် ပြင်ဆင်နေခြင်းဖြစ်သည်။
ထို့အပြင် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ နိုင်ငံတကာရေနံတင်ဆိက်ကမ်းမှ ရေနံနှင့် သဘာဝဓာတ်ငွေများကို တရုတ်ပြည်သို့သယ်ယူရန် အတွက် အရှည် ၂၃၈၄ ကီလိုမီတာ (၁၄၇၉ မိုင်) ရှိသည့် ကျောက်ဖြူ -ကူမင်း မီးရထားလမ်းမကြီးကိုလည်း ဖောက်လုပ်လျှက်ရှိရာ စီမံကိန်းကာလသည် ၂၀၁၅ ခုနှစ်တွင် အပြီးသတ်မည် ဟု သိရသည်။
0 မှတ်ချက်ပေးရန်:
Post a Comment