Featured Video

khineroma.i@gmail.com

Saturday, December 04, 2010

ရခိုင်ပြည်နယ်နေ့ကို စည်စည်ကားကားဖြစ်ရန် ရခိုင်လူထုတောင်းဆိုသွားမည်


 “ဒေမှာက ရခိုင်ပြည်နယ်နိန့် ဆိုစွော်ကို လူငယ်တိ မိန့်တောင်မိန့်နိန်ကတ်ပါဗျာယ်။ အစိုးရက လုပ်မပီးပိုင်လုပ်ချင်ကေလဲလုပ်ခွင့်မပီးပါ။ဇာကြောင့်လဲဆိုစွော်ကို ရခိုင်ပြည်နယ်နိန့်လို့ဆိုရေအစဉ်အလာနန့်ဝေါဟာရကို ဖျောက်ပစ်ဖို့ကြိုးစားနိန်ကတ်တေလို့ မြင်ပါရေ။ ပြီးကေ တိုင်းရင်းသားတိထဲမှာ သွီးစည်းညီ ညွတ်မှုရှိသူတိထဲမှာ

လင်းလင်း
ဒီဇင်ဘာလ ၅ရက် တနင်္ဂနွေနေ့ ၂၀၁၀ ခုနှစ်
စစ်တွေ ( ခိုင်ရိုးမ)။  ။ ယခုလတွင် ကျရောက်မည့် ရခိုင်ပြည်နယ်နေ့ အထိမ်အမှတ်နေ့ ကို ရခိုင်ပြည်နယ်တွင်စည်စည်ကားကားဖြစ်အောင်ကျင်းပနိုင်ရေးအတွက်လုပ်ဆောင်သွားမည်ဟုသိရသည်။

“အယင်ကကေ ပြည်နယ်နိန့်အထိမ်းအမှတ်၊ ရခိုင်ရိုးရာကျင်ပွဲတိ၊ ပျော်ပွဲရွှင်ပွဲတိ အ များကြီးလုပ်ပီး ကျင်းပခစွော်ပိုင် ဆရာတော်ဦးဥတ္တမရုပ်ထု ရှိကိုလားပြီးနာ ကန်တော့ကတ် ပါရေ။ ယင်းတိအားလုံးကို လုပ်ခွင့်ရဖို့အတွက် အကျွန်ရို့က သက်ဆိုင်ရာတာဝန်ဟိသူတိကို တင်ပြလားဖို့ဟိပါရေ။ ဒေပိုင် တစ်ခုလဲမလုပ်ပဲ နိန်ကတ်ကေ ရခိုင်ပြည်နယ်နိန့် ဆိုစွော်ရေ သမိုင်းစာမျက်နှာက ပျောက်လားပါဖို့ဗျာယ်။ လုပ်ခွင့်မပီးကေ အကျွန်ရို့ လုပ်သင့်လုပ် ထိုက်စွော်ကို လုပ်လားပါဖို့။ ယင်းကိုလဲ ကမ္ဘာကသိအောင် တင်ပြလားဖို့ဖြစ်ပါရေ။“ လို့ လူငယ်ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့ပါသည်။

ဒီ ဇင်ဘာ လရောက်တိုင်း ရခိုင်ပြည်နယ်နေ့ကို စည်စည်ကားကားကျင်းပလာခဲ့ရာ ဆယ်စုနှစ်ကာလ တွင် မှေးမှိန် လျက် ရှိသည်။
ရတပ ပါတီက ရခိုင်ပြည်နယ်အတွင်း မြို့နယ်အ တော်များများတွင် အနိုင်ရရှိထားပြီး ဖြစ်သဖြင့် ယင်းပါတီကလည်း ရခိုင်ပြည်နယ်နေ့ကျင်းပ ခွင့် ရရှိရေးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူတစ်ရပ်လုံးကလည်း ရခိုင်ပြည် နယ်နေ့တွင် အလံလွှင့်ထူခြင်း၊ ကမ္ဘာကျော် ဦးဥတ္တမကို အရိုအသေပေးခြင်းများအပြင် ပွဲလမ်း သဘင်များ ကျင်းပခွင့်ရရှိရေးတို့အတွက် မျှော်လင့်ချက်ကြီးစွာ ထားနေကြကြောင်းသည် စစ်တွေမှ လာသောသတင်းများအရ သိရှိရပ်သည်။ ရခိုင်ပြည်နယ်၏ မြို့တော်ဖြစ်သော စစ်တွေသည် ပြည်နယ်၏အလယ်ဗဟိုတွင် တည်ရှိသကဲ့သို့ ပြည်သူကိုယ်စားပြု ပါတီတစ်ခု ဖြစ်သော ရတပ ပါတီက အပြတ်အသတ်အနိုင်ရရှိထားသော မြို့နယ်တစ်ခုဖြစ်ရာ အဆိုပါ ပါတီနှင့်လက်တွဲပြီး ပြည်သူများ၏လိုအင်ဆန္ဒကို ထုတ်ဖော်ပြသသွားရန် ရှိကြောင်းလည်း သိရှိရပါသည်။ ယင်းအနက် အဓိက အကြောင်းအရင်းများမှာ ရခိုင်ပြည်နယ်နေ့တွင် ရုံးများ၊ ကျောင်းများ ပိတ်ပေးရေးနှင့် ပွဲလမ်းသဘင်များ ကျင်းပခွင့်ရရေးတို့ဖြစ်ကြောင်းလည်း သိရပါသည်။


နေ့ထူးနေ့မြတ် ရက်ထူးရက်မြတ်များတွင် ရုံးများ၊ ကျောင်းများကို ပိတ်ပေးလေ့ရှိသော်လည်း ရခိုင်ပြည်နယ်အတွင်း ရခိုင်ပြည်နယ်နေ့အဖြစ် ပြုလုပ်ပေးခြင်းမရှိခဲ့သည်မှာ နှစ်အ တော်ကြာမြင့်ပြီဖြစ်သည်။
 “ဒေမှာက ရခိုင်ပြည်နယ်နိန့် ဆိုစွော်ကို လူငယ်တိ မိန့်တောင်မိန့်နိန်ကတ်ပါဗျာယ်။ အစိုးရက လုပ်မပီးပိုင်လုပ်ချင်ကေလဲလုပ်ခွင့်မပီးပါ။ဇာကြောင့်လဲဆိုစွော်ကို ရခိုင်ပြည်နယ်နိန့်လို့ဆိုရေအစဉ်အလာနန့်ဝေါဟာရကို ဖျောက်ပစ်ဖို့ကြိုးစားနိန်ကတ်တေလို့ မြင်ပါရေ။ ပြီးကေ တိုင်းရင်းသားတိထဲမှာ သွီးစည်းညီ ညွတ်မှုရှိသူတိထဲမှာ ရခိုင်လူမျိုးတိလဲ  ပါဝင်ပြီး ပိုပြီးသတိထားပုံရပါရေ။ အစိုးရရုံးတစ်ခုမှာ တာဝန်ထမ်းဆောင်နိန်ရေ လူငယ်တစ်ယောက်ကို ရခိုင်ပြည်နယ်နိန့် ဇာနိန့်လဲလို့ မိန်းလိုက် ရေခါ မသိလို့ပြောပါရေ။ လူငယ်ရို့တိရင်ထဲမှာ ကိုယ့်ပြည်နယ်၏ နိန့်ကိုတောင် မိန့်နိန်ကတ် စွော် ကောင်းကောင်းအံသြမိရေ။ အမှန်က ဒေပိုင် ဖြစ်လာအောင် ဇာသူတိက လုပ်ကတ်စွော် လဲ ဆိုစွော်ကို အသိသာကြီးပါ။ ယင်းကြောင့် ဒေနှစ်ထဲမှာ ပြန်လို့အကောင်အထည်ဖော်ဖို့ အစီအစဉ် ရှိပါရေ။“ ဟု စစ်တွေ မှတက္ကသိုလ် ကျောင်းသူတစ်ဦးက ခိုင်ရိုးမကို ပြောသည်။

 ရခိုင်ပြည်သူပြည်သား စည်းရုံးမှုရှိမရှိကို မကြာသေးမီက ကျင်းပသွားခဲ့တဲ့ ရွေးကောက် ပွဲကြီးမှာ ပြသခဲ့ပြီဖြစ်သကဲ့သို့  ဒီဇင်ဘာလ(၁၅) ရက်နေ့မှာ ကျရောက်မယ့် ရခိုင်ပြည်နယ်နေ့ မှာ ယခင်ကဲ့သို့ ပွဲလမ်းသဘင်များ အထိမ်းအမှတ်များပြုလုပ်သွားရန်ရှိ ကြောင်းနှင့် ယခင်က ကျင်းပပြုလုပ်ခဲ့သည့် အရာများအားလုံးကိုလည်း ပြန်လည် အသူက်သွင်း ကျင်းပ သွားမည် ဖြစ်သည့်အပြင် ရုံးများ၊ ဈေးများ၊ ကျောင်းများ ကိုလည်းပိတ်ပင်သွားရန် တောင်းဆိုဖို့ ရှိကြောင်းသိရှိရသည်။
         
အမှန်က ရခိုင်ပြည်နယ်မှာ ဘာပဲလုပ်လုပ်အစိုးရက ပိတ်ပင်တားဆီးဖို့ကြိုးစားနေခြင်း သည် ရခိုင်ပြည်သူပြည်သားအပေါ် ဖိနှိပ်ချုပ်ချယ်လိုသောကြောင့် နိုဝင်ဘာလ ၁၇ ရက်နေ့က ကျရောက်သော ဘင်္ဂလီလူမျိုးများ၏ ကရဘင်နေ့၌ပင် ရုံးများ၊ ကျောင်းများ ပိတ်ပင်ထားခဲ့ သည်မှာ အံ့သြစရာကောင်းသကဲ့သို့ ခွဲခြားဆက်ဆံမှုများမှာ အထင်သားပ်ါလွင်နေခဲ့ပြီဖြစ် ပါသည်။ နိုင်ငံသားအဖြစ် လက်ခံထားခြင်းမရှိသော ဘင်္ဂလီများ၏ ဘာသာရေးနေ့၌ပင်  ရုံးပိတ်၊ ကျောင်းပိတ် ပေးသော်လည်း ရခိုင်ပြည်နယ်နေ့တွင် ရုံးများ၊ ကျောင်းများကို ဖွင့်လှစ်ထားခြင်းသည် အုပ်ချုပ်ရေးပိုင်းတွင် တရားမျှတမှုမရှိခြင်းကို ဖော်ပြနေခြင်းဖြစ် ကြောင်း ထင်သာမြင်သာသည့် အချက်တစ်ခုပင်ဖြစ်သည်။
           

0 မှတ်ချက်ပေးရန်:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More