Featured Video

khineroma.i@gmail.com

Friday, April 22, 2011

ကွာလာလမ်ပူ PUCHONG တွင် မလေးရှားရဲနှင့် အထူးတပ်ဖွဲ့မှ ဒုက္ခသည်တိကို ညဖက်ဝင်ရောက်ဖမ်းဆီး

(လေးဝတီ) ခိုင်မင်းထွန်း April 22, 2011
ရခိုင်ရိုးမ(နယူးဒေလီ)။           ။ ကွာလာလမ်ပူမြို့ ပူချူန်းဒေသနိန် မြန်မာဒုက္ခသည်များအား ဒေနိန့် ညစာဖက်ည  ၁၂ ချက်တီးကစဗျာလ် ဒေသခံရဲတိနှင့် ကွာလာလမ်ပူရှိ အထူးရဲတိပူးပေါင်းဗနာ စီမံချက်ဖြင့် ဝင်ရောက်ဖမ်းဆီးနိန်ကြောင်း သိဟိန့်ရပါရေ။
ဒေဂု ဖမ်းဆီး ထိန်းသိမ်းခံနိန်ရသူ အထဲမှာ မြန်မာနိုင်ငံသား ၁၅၀ကျော်လောက် ဟိန့် ပြီးကေ အများစုမှာ ပူချူန်း၊ TESCO – ပန်းခြံ အနီးတဝိုက်ရှိ ရခိုင်ဒုက္ခသည်တိ ဖြစ်ကြောင်း သိရှိရသည်။


ဖမ်းဆီးခံနိန်ရသူတိမှာ UNHCR ကဒ် ကိုင်ဆောင်ထားသူတိနန့် RST စောင့်နိန်သူများလည်း ပါဝင်နိန်ကြောင်း ဖမ်းဆီရာတွင် မြန်မာအများဆုံးပါဝင်ကာ ရဲနှင့် အထူးတပ်ဖွဲ့ဝင်တိရေ လူနိန်အိမ်တိကို တက်ရောက်ဖမ်းဆီးခပြီး အထောက်အထားရှိသူ/ မရှိသူအားလုံးကို  သိမ်းကျုံးဖမ်းဆီး ခေါ်ယူခပါရေ ။
TESCO အနီး တိုင်မစားသောက်ဆိုင်တွင် အလုပ်လုပ်နိန်ရေ ရခိုင်လူငယ် တစ်ယောက်ကို မိန်းကြည့်ရာ “အခုဖမ်းရေ အော်ပရာစီ (စီမံချက်)ရေ မထင်မှတ်ဘဲ လာရောက်ဖမ်းဆီးလားစာပါ။ ကျွန်တော် ဆိုကေ ဒေစားသောက် ဆိုင်မှာ လုပ်စာမနည်းကြာပါဗျာလ်၊ တစ်ခါလေ့သော့ အဂုပိုင်မဖမ်းပါ ပန်းခြံ အနီအနားမှာဖမ်းကေ ရခိုင်သား အများစုပါလီပါဖို၊့  ဇာဖြစ်လို ဆိုကေ TESCO အနီနားတ၀ိုက် မှာ ရခိုင်သား အများဆုံးနိန်ထိုင် နိန်လို့ပါ” လို့ ပြောပြလားပါရေ။

ယင်းရခိုင်လူငယ်မှာလည်း အဗြီးကောင်းလို့ လွတ်မြောက်ခစွာကိုလည်း ဖုန်းထဲမှ ပြောပြခပါရေ ။ အဂုပိုင်(စီမံချက်) အော်ပရာစီကို စတင်ဖမ်းဆီးစာရေ ပြီးခရေလက  နီဂရီ စီဘီလမ်း ပြည်နယ် လန်ကန့် ထိမ်းသိမ်းရေးထောင်မှ ထွက်ဗြီးလွတ်မြောက်သူတိကို  ဖမ်းဆီးဖို့ လိုက်ရှာနိန်ရေနောက်ပိုင်း အဆက်မပြတ် ဖမ်းဆီးနိန်စာဖြစ်ပါရေ။ 
ဖမ်းဆီးရာတွင်ပါဝင်ရေ ရခိုင်ဒုက္ခသည်တိကို သက်ဆိုင်ရာရခိုင်ဒုက္ခသည်ရုံးတိက စာရင်းပြုစုပြီး UNHCR ရုံးသို့  အကြောင်း ကြားလုပ်ဆောင်နိန်စွာကို လည်းစုံးစမ်သိရှိရပါရေ ။ မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူ မြန်မာ နိုင်ငံသား ၈သောင်းကျော် ဟိန့်ရေလို့ သိရှိရပါရေ။
ရခိုင်ဒုက္ခသည်ရုံးသိုဆက်သွယ်မည်ဆိုပါက အောက်ပါ ဖုန်းနံပါတ် နန်ဆက်သွယ်ပါ
 ARR ရုံးဆက်သွယ်ရန်         ARRC ရုံးဆက်သွယ်ရန်     ALD ရုံးဆက်သွယ်ရန်
+6012 935 1251              +603 8071 1553             +6016 343 2705
+6016 277 9365               +6016 302 5611             +6014 309 5652
+603 214 11332

0 မှတ်ချက်ပေးရန်:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More