Featured Video

khineroma.i@gmail.com

Saturday, November 20, 2010

ရေလုပ်သားမျာ အလုပ်လက်မဲ့ရှိနေဆဲ

 ဒေမှာက ရီလုပ်ငန်းကို လုပ်ရေလူတိကများပါရေ။ ပင်လယ်ပြင်ကိုငါးဖမ်းလားရေလူတိလဲ ရှိရေ ပိုင် ပုစွန်တာ။ လုပ်ငန်းတိလဲ ရှိပါရေ။ ဒေဂုငါးဖမ်းချိန်မှာ  ငါးဖမ်းဖို့အတွက် စက်ခေလှတိကား မရှိပါယာ။ ယင်းအတွက်နန့် အခု ပိုင်အလုပ်အကိုင်မရှိဖြစ်နီပါရေ ။

 နယူးဒေလီ(ခိုင်ရိုးမ)

ဂီရီကြောင်း ငါးဖမ်းစက်လှေ အများအပြားပျက်စီးခဲ့ရာ  ဒေသခံများ အလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်နေရကြောင်း သိရသည်။
အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဂီရိဆိုင်ကလုန်းဝင်ခဲ့ရာ မြေပုံမြို့နယ်ရှိ ငါးဖမ်းစက်လှေ အများစု ပျက်စီးခဲ့သဖြင့် ပင်လယ်ပြင်ထွက်ရေး ရေလုပ်သားများအနေဖြင့် အလုပ်လက်မဲ့ ပြဿနာရှိနေသည်။ 
” ဒေမှာက ရီလုပ်ငန်းကို လုပ်ရေလူတိကများပါရေ။ ပင်လယ်ပြင်ကိုငါးဖမ်းလားရေလူတိလဲ ရှိရေ ပိုင် ပုစွန်တာ။ လုပ်ငန်းတိလဲ ရှိပါရေ။ ဒေဂုငါးဖမ်းချိန်မှာ  ငါးဖမ်းဖို့အတွက် စက်ခေလှတိကား မရှိပါယာ။ ယင်းအတွက်နန့် အခု ပိုင်အလုပ်အကိုင်မရှိဖြစ်နီပါရေ “ မြေပုံမြို့မှ ရေလုပ်ငန်းရှင်တဦး က ခိုင်ရိုးမကို ပြောသည်။
ရခိုင်ပြည်နယ်တွင် လယ်ယာလုပ်ငန်းကို ၇၅ ရာခိုင်နှုန်းခန့် လုပ်ကိုင်သလို ရေထွက်ကုန် ထုတ်လုပ်ရေးလုပ်ငန်းကို ၂၀ ရာခိုင်နုန်းခန့် လုပ်ကိုင်ကြသည်။
လက်ရှိတွင် မုန်တိုင်းကို ဆိုးဆိုးဝါးဝါးခံခဲ့ရသည့် ပေါက်တော်မြို့နယ်။ မြေပုံမြို့နယ်တွင်  ရေလုပ်ငန်းရှင်အများစုမှာ အလုပ်လက်မဲ့ဖြစ်ကြသည်။
 ယခုလို ပွင့်လင့်ရာသီငါးဖမ်းကာလတွင် မုန်တိုင်းမွှေနှောက်သွားသဖြင့် ရေလုပ်သားများ၏ အလုပ်အကိုင်များ ဆုံးရှူံးမှု တရပ် ဖြစ်လာသည်။
“ကျနော်ရို့က ဒေရာသီဆိုကေ ပင်လယ်ပြင်ကို ထွက်ပနာ ငါးရာချိန်မှာ။ အခု ငါးရှာ ဖို့အတွက် စက်လှေ မဟိပါယာ။ စက်လှေ တစီးစပ်ကေ နှစ်သိန်းသုံးသိန်းပီးရရေ။ စက်တလုံးကိုလဲ သိန်းဆယ်ကျော်ရေ ယကေ ကျနော်ရို့ ဇာပိုင် လုပ်ရဖို့ရောင်။ ဟိရေ ၀မ်းစာကိုထိုင်စားနီရရေ“ ဟုမြေပုံမြို့နယ် ကျွန်းသာယာကျေးရွာမှရေလုပ်သားတဦးက ခိုင်ရိုးမကို ပြောသည်။
ယခု အခါ မုန်တိုင်းသင့်ဒေသများတွင် ပြည်တွင်းပြည်ပ အကူအညီဖြင့် ကယ်ဆယ်ရေးလုပ်ငန်း။ ပြန်လည်နေရာ ချထားရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသော်လည်း အစိုးရ အနေ ဖြင့်ထိရောက်သော ကူညီဆောင်ရွက်မှု များ မရှိသေးကြောင်းသိရသည်။
ကုသမဂ္ဂလူသားချင်းစာနမှု ထောက်ပံ့ရေးရုံးကစာရင်းအရ မုန်တိုင်းသင့်ဒေသများတွင် အိုးမဲ့အိမ်မဲ့ပြည်သူ တသိန်းကျော်ခန့် ရှိကြောင်းဖော်ပြပါရှိသည်။






0 မှတ်ချက်ပေးရန်:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More