Featured Video

khineroma.i@gmail.com

Tuesday, November 23, 2010

ရထားလမ်းသစ်ရွေးချယ်မှု အဆင်မပြေ

“ဒေလမ်းကို မဖောက်ခင်က မြောက်ဦးမှာတာဝန်ကျခရေ ဦးစောလွင်နန့် မြန်မာ့မီးရထားဌာနက အရာဟိတိပါ။နောက်ရထားလမ်းကိုကန်ထရိုက်ယူဖို့ပုဂ္ဂလိက ကုမ္ပဏီတိနန့် ဒေလမ်းကို ရွီးချယ်ခကတ်စွာလေးဆိုကေ...... ညွန်ချုပ်အနီနန့် ဒေလမ်းကိုဖျက်ဖို့က မလွယ်ပါလေး။ ယပြီးကေ မြောက်ဦးရထားလမ်းက ၅ မိုင်ဘဲယှိစွာပါ အေချင့်ကို အကုန်အကျမခံနိုင်ဆိုကေ အေချင့်စွာ ရခိုင်သမိုင်းကို ဖျက်စီးချင်ရေသဘောပါ”


ရထားလမ်းဖောက်လုပ်ရာမှာ ရှိဟောင်းဘုရားပုထိုးများကိုရှောင်ကွင်းနိုင်ဖို့အတွက်
ရခိုင်လူထုမှတင်ပြရေ လမ်းကြောင်းသစ်ကို  လမ်းကန်ထရိုက်တာဝန်ယူထားသည့် Steel,Stone ကုမ္ပဏီမှ တာဝန်ရှိသူများ မြန်မာ့မီးရထားအရာရှိများကို ညက  တင်ပြခကေလည်း ဘဘောတူညီချက်မရှိခလို့ ဆွေးနွေးစွာမှာ ပါဝင်ခရေ မြောက်ဦးမြို့ခံတဦးကပြောပါရေ။

“ညက ကျနော်ရို့တင်ပြပါရေ။ ယကေလဲ့ သူရို့က ကျနော်ရို့တင်ပြရေ လမ်းစွာ ငွေကြေးအကုန်ကျများဖို့လို့ဆိုပါရေ။ ယေဇုနန့် ပယ်ချလိုက်စွာပါ”လို့ပြောပါရေ။

ဒေဂုလ ၇-ရက်နိက မြောက်ဦးမြို့မှာ ရထားလမ်းဖောက်လုပ်ရာမှာ ရှိဟောင်းသမိုင်းဝင် ဘုရားတိ ပုထိုးများတိ ပျက်စီးခဲ့ရာ မြောက်ဦးမြို့က ဒေသခံတိက ကန့်ကွက်ခဲ့ကြရေပိုင် လက်ဟိမြောက်ဦးမြို့ ရှေးဟောင်းသုတေသန ဌာနခွဲမှာ တာဝန်ကျနီရေ ဗိုလ်မှူး သိပ်ဦးက ဟန့်တားခဲ့သည်။ ဗိုလ်မှူးသိပ်ဦးသည် မြောက်ဦးမြို့မှာ တာဝန်ကျနီစွာမှာ တပါတ်ခန့်ရာရှိရှိသိမ့်ရေလို့သိရပါရေ။ ယင်းမတိုင်ခင် ဦးစောလွင် တာဝန်ကျခရေလို့လည်း သိရပါရေ။

ရထားလမ်းဖောက်လုပ်မှုကိုဒေဂုလ ၁၈-ရက်နိမှာ ရပ်ထားခပါရေ။ ယင်းနောက်ပိုင်း နေပြည်တော်မှ ရှိဟောင်းသုတေသန၊အမျိုးသားပြတိုက်နှင့်စာကြည့်တိုက် ဦးစီးဌာန ညွန်ကြားရေးမှုချုပ်ဦးကျော်ဦးလွင်လည်း ညကရထားလမ်းတာဝန်ရှိသူများကိုလမ်းကြောင်းသစ်တခုတင်ပြ ခရာမှာ သဘောတူညီမှု မရရှိခဲ့ကြောင်းသိရပါရေ။

“ဒေလမ်းကို မဖောက်ခင်က မြောက်ဦးမှာတာဝန်ကျခရေ ဦးစောလွင်နန့် မြန်မာ့မီးရထားဌာနက အရာဟိတိပါ။နောက်ရထားလမ်းကိုကန်ထရိုက်ယူဖို့ပုဂ္ဂလိက ကုမ္ပဏီတိနန့် ဒေလမ်းကို ရွီးချယ်ခကတ်စွာလေးဆိုကေ...... ညွန်ချုပ်အနီနန့် ဒေလမ်းကိုဖျက်ဖို့က မလွယ်ပါလေး။ ယပြီးကေ မြောက်ဦးရထားလမ်းက ၅ မိုင်ဘဲယှိစွာပါ အေချင့်ကို အကုန်အကျမခံနိုင်ဆိုကေ အေချင့်စွာ ရခိုင်သမိုင်းကို ဖျက်စီးချင်ရေသဘောပါ”လို့အထက်က ပြောခရေ ဒေသခံက ဆက်ပြောပါရေ။

ရထားလမ်းမှာ အယင်လမ်းကိုအသုံးပြုလားဖို့ဖြစ်ကေလည်း လမ်းဖောက်ရာမှာ ရှိဟောင်းဘုရားများတွေ့ရှိက ရှောင်လားရန် အတွက် သဘောတူညီမှု တရပ်ရရှိခကေလည်း လက်တွေ့မှာ ဖြစ်လာဖို့ မဟုတ်ကြောင်း ဒေသခံများအဆိုအရသိရပါရေ။မြောက်ဦးရထားလမ်းသည်  မင်းဘူး- ပဒါန်း- အမ်းစစ်တွေ ရထားလမ်းတွင် အကျုံးဝင်ရာ  ဒေဂုအခါ ကျောက်တော်မှ မြောက်ဦး အထိ မြီသားလမ်းများ ဖောက်လုပ်နီခြင်းဖြစ်ရေလို့သိရပါရေ။

စစ်တွေ -အမ်း- ပဒါန်း- မင်းဘူးရထားလမ်းသည်  ၂၅၇ မိုင်ရှိရာ မင်းဘူး-ပဒါန်းဘက်မှလဲ ရထားလမ်းဖောက်လုပ်လျက်ရှိသည်။ စစ်တွေ ရထားလမ်းဖောက်လုပ်မှုကို ၂၀၀၉ မေလတွင်စတင်ခဲ့ရာမှာ ၂၀၁၁ နှစ်ကုန်ပိုင်းအထိ စီမံကိန်းဖြစ်သည်။

ရထားလမ်းဖောက်လုပ်ရာတွင် ရှေးဟောင်းဘုရားပုထိုးများပျက်စီးလားမှုအပေါ် ပြည်တွင်းပြည်ပ အဖွဲ့စည်းများက ကန့်ကွက်ခဲ့ကြစွာကိုလည်းတွိ့ရပါရေ။

ရထားလမ်းဖောက်လုပ်ရာမှာ ပျက်စီးလားရေ ပြည်စိုးကြီးဘုရားအပါအ၀င် တခြားရှိဟောင်းဘုရားတိ ပုထိုးများကိုလည်း ပြန်လည်ပြုပြင်ပီးဖို့လို့ ညွန်ချုပ်ဦးကျော်လွင်ဦးက ပြောခရေလို့သိရပါရေ....။

0 မှတ်ချက်ပေးရန်:

Post a Comment

....ဂနိန့်ရ ရခိုင်ပြည်တွင်း သတင်းတိုထွာတိ....

Twitter Delicious Facebook Digg Stumbleupon Favorites More